သတ္တုတွင်းသို့ လွှတ်တော်က်ိုယ်စားလှယ်များ သွားရောက်လေ့လာ
လွှတ်တော်ရေးရာစက်တင်ဘာ ၃ ရက် ၊ ၂၀၂၆
အထူးဒေသ (၆)၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်ႏကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ ပေါင်းလင်းကျေးရွာအုပ်စု၊ လိုင်ဟာမြားကျေးရွာအနီးရှိ ပတ္တနဂါးကုမ္ပဏီလီမိတတ်ဥက္ကဌဦးနေဝင်းထွန်း ဦးစီးသည့် ခနောက်စိမ်း၊သတ္တုသန့်စင်စက်ရုံသို့ ဒီကနေ့မနက် ၁၀ နာရီအချိန်တွင် ပြည်ထောင်စုလွှတ်တော်နှင့်ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များသွားရောက်လေ့လာခဲ့ကြောင်းသိရှိရပါသည်။
ယင်းလေ့လာရာတွင် ဦးစွာ ခနောက်စိမ်းသတ္တုသန့်စင်စက်ရုံ ဝန်ထမ်းများက လွှတ်တော်ကိုယ်စားလှယ်များအား ဧည်ဝတ်ကျေပွန်စွာဖြင့် ကြိုဆိုပြီး သတ္တုနှင့်စပ်ဆက်တဲ့ အကြောင်းရာများ သိရှိနိုင်ရန် အစည်းဝေးခန်းမသို့ စုဝေးကာ ဦးနေဝင်းထွန်းက သတ္တုသန့်စင်ခြင်း၊ သတ္တုတွင်းမှ ထွက်သည့်ရာခိုင်နှုန်းများအကြောင်းအရာကို အတိုချုပ်ရှင်းပြခဲ့သည်၊ လွတ်တော်ကိုယ်စားလှယ်များလည်း သိလိုသည်ကို မေးမြန်းခဲ့ပြီး ယခုလုပ်ငန်းသည် ” နိုင်ငံအတွက် ပြည်နယ်အတွက် အကျိုးအလွန်များကြောင်း၊ ဒီသတ္တုတူးဖော်ခြင်းလုပ်ငန်းသည် အခြားလုပ်ငန်းတွေထက် ပြည်သူလူထုကို ပိုပြီးအကျိုးပြုကြောင်း”ဦးနေဝင်းထွန်းမှ ဆိုခဲ့ပါသည်။
ထို့နောက် ဦးနေဝင်းထွန်းမှ ဦးဆောင်ကာ လွှတ်တော်ကိုယ်စားလှဲများ သတ္တုလုပ်ငန်းစဥ်အဆင့်ဆင့်နှင့် သတ္တုတွင်းသို့ စိတ်ဝင်စားစွာဖြင့် အသေးစိတ်သွားရောက်လေ့လာ ကြည့်ရှုခဲ့သည်။ထိုခနောက်စိမ်းသတ္တုသန့်စင်ခြင်း လေ့လာရာတွင် ပတ္တမြားနဂါးကုမ္ပဏီလီမီတတ်ဥက္ကဌ ဦးနေဝင်းထွန်း၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်နှင့်ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ခနောက်စိမ်းသတ္တုသန့်စင်စက်ရုံဝန်းထမ်းများ၊ သတင်းမီဒီယာများ၊ စုစုပေါင်းအယောက်(၅၀)ကျော်ပါဝင်ခဲ့ကြောင်းသိရှိရပါသည်။














NIYO Media သည် အချက်အလက် တိကျမှုကို အလေးထားပါသည်။ ဤသတင်းတွင် အမှားတစ်စုံတစ်ရာ တွေ့ရှိပါက ">ကျွန်ုပ်တို့ထံ အကြောင်းကြားပါ — စစ်ဆေးပြီး ပြင်ဆင်ပေးပါမည်။







