အောင်ပန်းကုန်စည်ဈေးကွက် ဈေးနှုန်းအများစုတည်ငြိမ်၊ မုံညှင်းနှင့် ရွှေပဲဈေးနှုန်းများ မြင့်တက်လာ

စီးပွားရေး
admin ဖတ်ရန် ၄ မိနစ်

အောင်ပန်း၊ စက်တင်ဘာ ၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့ ကုန်စည်ဈေးကွက်တွင် စက်တင်ဘာ ၁ ရက်နေ့အထိ ကုန်စိမ်း၊ ဟင်းသီးဟင်းရွက်၊ ကြက်သွန် နီ၊ ကြက်သွန်ဖြူ၊ အာလူး၊ ဂျင်း၊ ရာသီပေါ်သစ်သီးနှင့် ဒေသထွက်စားသောက်ကုန်များ၏ ဈေးနှုန်းအများစုမှာ ယခင်နေ့နှင့် နှိုင်းယှဉ်ပါက တည်ငြိမ်နေပြီး မုံညှင်းနှင့် ရွှေပဲအမျိုးအစားများတွင် ဈေးနှုန်းမြင့်တက်လာကြောင်း သိရသည်။

ဩဂုတ် ၃၁ ရက်နေ့နှင့် စက်တင်ဘာ ၁ ရက်နေ့ ဈေးနှုန်းများကို နှိုင်းယှဉ်ပါက မုံညှင်းတစ်ပိဿာလျှင် ၂,၀၀၀ ကျပ်မှ ၂,၃၀၀ ကျပ်သို့ ၃၀၀ ကျပ် မြင့်တက်လာပြီး ရွှေပဲရှယ်စမှာ ၁၈,၀၀၀ ကျပ်မှ ၂၁,၀၀၀ ကျပ်သို့ ၃,၀၀၀ ကျပ်၊ ရွှေပဲအလတ်စမှာ ၁၆,၀၀၀ ကျပ်မှ ၁၉,၀၀၀ ကျပ်သို့ ၃,၀၀၀ ကျပ် အသီးသီး မြင့်တက်လာသည်။အခြားကုန်စိမ်းဈေးနှုန်းများတွင် ခရမ်း ချဉ်သီးမှာ အရည်အသွေးအလိုက် တစ်ပိဿာလျှင် ၆၀၀ ကျပ်မှ ၁,၂၀၀ ကျပ်အထိ၊ ပဲတောင့် ရှည် ၄,၅၀၀ ကျပ်၊ ဘိုစားပဲအစိမ်းမျိုး ၃,၀၀၀ ကျပ်မှ ၃,၅၀၀ ကျပ်၊ မုံလာဥနီအကြီးစ ၃,၅၀၀ ကျပ်၊ ရွှေဖရုံသီး ၁,၄၀၀ ကျပ်၊ ပဲလိပ်ပြာအခွံပါ ၄,၀၀၀ ကျပ်နှင့် ခရမ်းသီးအကြီး ၁,၂၀၀ ကျပ်မှ ၁,၅၀၀ ကျပ်အထိ ဈေးနှုန်းများရှိသည်။

ထို့အပြင် ငရုတ်ပွရှယ်စ တစ်ပိဿာ ၃,၉၀၀ ကျပ်၊ သံပုရာသီး ၄,၀၀၀ ကျပ်မှ ၅,၀၀၀ ကျပ်၊ ကြက်ဟင်းခါးသီး ၅,၀၀၀ ကျပ်၊ ဂေါ်ဖီထုပ်ကြီးတစ်ထုပ် ၈၀၀ ကျပ်မှ ၁,၂၀၀ ကျပ်နှင့် ပန်းပွင့်အကြီးတစ်ပွင့် ၁,၂၀၀ ကျပ်မှ ၁,၄၀၀ ကျပ်အထိ ရှိကြောင်း သိရသည်။

အောင်ပန်းကုန်စည်ဈေးကွက် ဈေးနှုန်းအများစုတည်ငြိမ်၊ မုံညှင်းနှင့် ရွှေပဲဈေးနှုန်းများ မြင့်တက်လာ

အောင်ပန်းကုန်စည်ဈေးကွက် ဈေးနှုန်းအများစုတည်ငြိမ်၊ မုံညှင်းနှင့် ရွှေပဲဈေးနှုန်းများ မြင့်တက်လာ

သကြားပြောင်းမှာ တစ်အိတ်လျှင် အဖူး ၁၀၀ ပါဝင်ပြီး အရည်အသွေးအလိုက် ၄၅,၀၀၀ ကျပ်မှ ၆၅,၀၀၀ ကျပ်အထိ ရှိသည်။ ကြက်သွန်ဖြူ၊ ကြက် သွန်နီနှင့် အာလူး ရှမ်းပြည်ထွက် ကြက် သွန်ဖြူအခြောက်မှာ အရည်အသွေးအလိုက် တစ်ပိဿာလျှင် ၄,၀၀၀ ကျပ်မှ ၁၁,၅၀၀ ကျပ်အထိ ရှိပြီး ထူး-၁ မှ ထူး-၅ အထိ ၄,၈၀၀ ကျပ်မှ ၉,၀၀၀ ကျပ်၊ ထူးလွန်မှာ ၁၁,၅၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိသည်။

ကြက်သွန်နီအသစ်မှာ No.1 တစ်ပိဿာ ၆,၅၀၀ ကျပ်၊ No.2 ၆,၃၀၀ ကျပ်၊ No.3 ၅,၇၀၀ ကျပ်နှင့် No.4 ၄,၅၀၀ ကျပ် အသီးသီးရှိသည်။
အာလူးဈေးကွက်တွင် အဟောင်းမရှိတော့ဘဲ အသစ်များသာ ရောင်းချလျက်ရှိပြီး S-2/S-3 တစ်ပိဿာ ၄,၀၀၀ ကျပ်၊ S2-S1 ၃,၈၀၀ ကျပ်၊ S-1-OK ၃,၅၀၀ ကျပ်၊ OK ၃,၀၀၀ ကျပ်၊ A1 ၂,၅၀၀ ကျပ်၊ A1-ဆွဲ ၂,၀၀၀ ကျပ်နှင့် ဂေါ်လီဆိုဒ် ၁,၀၀၀ ကျပ် ရှိသည်။ တရုတ် L6 အာလူးမှာ တစ်ပိဿာ ၃,၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိသည်။

ငရုတ်သီးနှင့် ရာသီပေါ်သစ်သီးများ ငရုတ်
သီးဈေးကွက်တွင် ရှမ်းပွခြောက် တစ်ပိဿာ ၂၂,၀၀၀ ကျပ်၊ ကုလားအော်သီးအစိမ်း ၁၃,၀၀၀ ကျပ်၊ သာမိုငရုတ်စိမ်း ၇,၀၀၀ ကျပ်နှင့် ငရုတ်သီးအမှည့်စို ၈,၀၀၀ ကျပ်ရှိပြီး ရှမ်းသွယ်ခြောက်နှင့် ကျောက်စိမ်းငရုတ်သီးများမှာ အဝင်မရှိကြောင်း သိရသည်။

ရာသီပေါ်သစ်သီးများအနေဖြင့် ဖရဲသီးတစ်လုံး ၅,၀၀၀ ကျပ်မှ ၈,၀၀၀ ကျပ်၊ နာနတ်သီးတစ်လုံး ၃,၀၀၀ ကျပ်မှ ၃,၅၀၀ ကျပ်၊ ပိန္နဲသီးတစ်လုံး ၄,၀၀၀ ကျပ်မှ ၅,၀၀၀ ကျပ်၊ Hass ထောပတ်သီး တစ်ကီလိုဂရမ် ၅,၀၀၀ ကျပ်မှ ၆,၀၀၀ ကျပ်နှင့် နဂါးမောက်သီး တစ်ပိဿာ ၈,၀၀၀ ကျပ်ရှိသည်။

အောင်ပန်းကုန်စည်ဈေးကွက် ဈေးနှုန်းအများစုတည်ငြိမ်၊ မုံညှင်းနှင့် ရွှေပဲဈေးနှုန်းများ မြင့်တက်လာ

အောင်ပန်းကုန်စည်ဈေးကွက် ဈေးနှုန်းအများစုတည်ငြိမ်၊ မုံညှင်းနှင့် ရွှေပဲဈေးနှုန်းများ မြင့်တက်လာ

ဘုရားပန်းဈေးကွက်တွင် ဆန်းမားဖြူနှင့် ဆန်းမားဝါ တစ်စီးလျှင် ၃,၅၀၀ ကျပ်မှ ၄,၀၀၀ ကျပ်၊ ပန်းထိမ်ငိုခရမ်း ၆,၀၀၀ ကျပ်၊ ပန်းထိမ်ငိုအဖြူ ၅,၅၀၀ ကျပ်နှင့် ပန်းထိမ်ငိုဗေဒါ ၅,၀၀၀ ကျပ်ရှိကြောင်း သိရသည်။

အခြားဒေသထွက်စားသောက်ကုန်များအနေဖြင့် နနွင်းတက်မှာ အရည်အသွေးအလိုက် တစ်ပိဿာ ၇,၀၀၀ ကျပ်မှ ၁၀,၀၀၀ ကျပ်အထိ၊ မြေပဲကြားအခွံပါ ၃,၀၀၀ ကျပ်၊ ခေါပုပ်တစ်ထုပ် ၂,၀၀၀ ကျပ်၊ ပျားရည်စစ်စစ်တစ်ပုလင်း ၁၇,၀၀၀ ကျပ်၊ တိုဟူးခေါက် တစ်ပိဿာ ၂၇,၀၀၀ ကျပ်၊ ကော်ဖီမှုန့်တစ်ဘူး ၉,၀၀၀ ကျပ်မှ ၁၅,၀၀၀ ကျပ်နှင့် လက်ဖက်ခြောက် တစ်ပိဿာ ၂၀,၀၀၀ ကျပ်မှ ၂၂,၀၀၀ ကျပ်အထိ ဈေးနှုန်းများရှိသည်။

အဆိုပါဈေးနှုန်းများသည် အောင်ပန်းမြို့ ကုန်စည်ဈေးကွက်အတွင်း စက်တင်ဘာ ၁ ရက်နေ့အထိ ရရှိထားသည့် ဈေးနှုန်းများဖြစ်ပြီး ကုန်ပ စ္စည်းအရည်အသွေး၊ အဝင်အထွက်နှင့် ဈေးကွက်အခြေအနေများအပေါ် မူတည်၍ နေ့စဉ် ဈေးနှုန်းအပြောင်းအလဲများ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

NIYO Media သည် အချက်အလက် တိကျမှုကို အလေးထားပါသည်။ ဤသတင်းတွင် အမှားတစ်စုံတစ်ရာ တွေ့ရှိပါက ">ကျွန်ုပ်တို့ထံ အကြောင်းကြားပါ — စစ်ဆေးပြီး ပြင်ဆင်ပေးပါမည်။

ဤသတင်းကို မျှဝေရန်