ပင်လောင်းမြို့နယ်၌ ဘိန်းစိုက်ပျိုးမှုပပျောက်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်

စိုက်ပျိုးရေး
admin ဖတ်ရန် ၂ မိနစ်

စက်တင်ဘာ (၃) ရက်၊ ၂၀၂၆

အထူးဒေသ (၆)၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၌ ပင်လောင်းမြို့နယ်ရဲတပ်ဖွဲ့မှ ကြီးမှူး၍ ဘိန်းစိုက်ပျိုးမှုပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့ စက်တင်ဘာ ၃ ရက် နံနက် ၁၀ နာရီခွဲအချိန်က နန်းတုတ်ကျေးရွာအုပ်စု၊ နောင်ဝိုးကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ ပင်လောင်းမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စိုးမိုးထွန်းက ဘိန်းစိုက်ပျိုးမှုပပျောက်ရေး ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီး အမှတ် (၂၆) မူးယစ်ရဲတပ်ဖွဲ့စုမှ ရဲမှူး ဝင်းထွန်းက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးနှင့် ဖမ်းဆီးအရေးယူမှု လုပ်ငန်းစဉ်များကို အသိပေးပြောကြားခဲ့သည်။

ဆက်လက်၍ ပင်လောင်းမြို့နယ် မြို့မရဲစခန်းမှူး ဒုတိယရဲမှူး ခိုင်လင်းက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့် အွန်လိုင်းလောင်းကစားမှုများနှင့် ပတ်သက်၍ ဖမ်းဆီးအရေးယူမည့် လုပ်ငန်းစဉ်များကို အသိပေးပြောကြားခဲ့ပြီး ပင်လောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်လှမောင်က ပြည်သူ့စစ်မှုထမ်းဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများကို အသိပေးရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ပင်လောင်းမြို့နယ်၌ ဘိန်းစိုက်ပျိုးမှုပပျောက်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်

ပင်လောင်းမြို့နယ်၌ ဘိန်းစိုက်ပျိုးမှုပပျောက်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်

ပင်လောင်းမြို့နယ်၌ ဘိန်းစိုက်ပျိုးမှုပပျောက်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်

ပင်လောင်းမြို့နယ်၌ ဘိန်းစိုက်ပျိုးမှုပပျောက်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်

ယင်းနောက် ပင်လောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးခင်မောင်သန်းက မြေဆီလွှာထိန်းသိမ်းရေးနှင့် သီးနှံအထွက်နှုန်း ကောင်းမွန်စေရေးအတွက် မျိုးကောင်းမျိုးသန့်များ အသုံးပြုစိုက်ပျိုးနိုင်ရေးတို့ကို အသိပေးပြောကြားခဲ့သည်။ထို့အပြင် မြေစာရင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညီညီလင်းထက်က လယ်ယာမြေပိုင်ဆိုင်မှု အမည်ပေါက်ပုံစံ (၇) ရရှိရေး ဆောင်ရွက်ပေးမည့် အခြေအနေများနှင့် လယ်ယာမြေဥပဒေပါ ပြဋ္ဌာန်းချက်များကို အသိပေးရှင်းလင်းပြောကြားခဲ့သည်။

နောက်ဆုံးတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုမှ ရဲအုပ် သိန်းဇော်က မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများနှင့် ဘိန်းစိုက်ပျိုးမှုနှင့် ပတ်သက်၍ အရေးယူနိုင်သည့် ဥပဒေပုဒ်မများနှင့် ပြစ်ဒဏ်များကို အသိပေးရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။အဆိုပါ အသိပညာပေးဟောပြောပွဲသို့ နန်းတုတ်ကျေးရွာအုပ်စုနှင့် လုံးပြင်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ကျေးရွာတာဝန်ခံများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ပင်လောင်းမြို့နယ်၌ ဘိန်းစိုက်ပျိုးမှုပပျောက်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်

ပင်လောင်းမြို့နယ်၌ ဘိန်းစိုက်ပျိုးမှုပပျောက်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်

ပင်လောင်းမြို့နယ်၌ ဘိန်းစိုက်ပျိုးမှုပပျောက်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်

NIYO Media သည် အချက်အလက် တိကျမှုကို အလေးထားပါသည်။ ဤသတင်းတွင် အမှားတစ်စုံတစ်ရာ တွေ့ရှိပါက ">ကျွန်ုပ်တို့ထံ အကြောင်းကြားပါ — စစ်ဆေးပြီး ပြင်ဆင်ပေးပါမည်။

ဤသတင်းကို မျှဝေရန်