ထိန်းသိမ်းခံထားရသော မြန်မာနိုင်ငံသားများအား ပြန်လည်ပို့ဆောင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်မှု စတင်ဆောင်ရွက်

ပြည်တွင်း
admin ဖတ်ရန် ၂ မိနစ်

စက်တင်ဘာလ (၃)ရက်၊ ၂၀၂၆

၂၀၂၁ ခုနှစ်တွင် မြန်မာအစိုးရသည် မလေးရှားနိုင်ငံရှိ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းများတွင် တရားမဝင်နေထိုင်မှုနှင့် လူဝင်မှုကြီးကြပ်ရေး စည်းမျဉ်းများကို ချိုးဖောက်မှုတို့ကြောင့် သက်ဆိုင်ရာပြစ်ဒဏ်များကို ကျခံပြီးနောက် မိမိတို့နိုင်ငံသို့ ပြန်လည်ဝင်ရောက်ရန် ငွေကြေးမတတ်နိုင်ဘဲ အခက်အခဲကြုံတွေ့နေရသော မြန်မာနိုင်ငံသား စုစုပေါင်း ၁,၀၈၆ ဦးကို အတည်ပြုပြီး လူသားချင်းစာနာထောက်ထားမှုအရ မြန်မာရေတပ်သင်္ဘောများဖြင့် မလေးရှား လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းများမှ မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးခဲ့သည်။

အလားတူ အခြေအနေမျိုးနှင့် ရင်ဆိုင်နေရသော အတည်ပြုပြီး မြန်မာနိုင်ငံသား ၁,၄၇၆ ဦးကို မြန်မာရေတပ်သင်္ဘောများဖြင့် ပြန်လည်ခေါ်ဆောင်ရန်အတွက် မြန်မာနိုင်ငံနှင့် မလေးရှားနိုင်ငံ သက်ဆိုင်ရာအာဏာပိုင်များက ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး ဩဂုတ်လ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ပြန်လည်ပို့ဆောင်ရန် စီစဉ်ထားခဲ့သော်လည်း နောက်ပိုင်းတွင် မလေးရှားဘက်မှ အဆိုပါရက်များ၌ မြန်မာဘက်၏ တောင်းဆိုချက်အတိုင်း ဆောင်ရွက်ပေးရန် အဆင်ပြေမည်မဟုတ်ကြောင်း အသိပေးခဲ့ပြီး ပြန်လည်ပို့ဆောင်မည့်ရက်များကို စက်တင်ဘာလ ၂၈ ရက်နှင့် ၂၉ ရက်သို့ ပြန်လည်ရွှေ့ဆိုင်းရန် အဆိုပြုခဲ့ကြောင်းသိရသည်။

ထိန်းသိမ်းခံထားရသော မြန်မာနိုင်ငံသားများအား ပြန်လည်ပို့ဆောင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်မှု စတင်ဆောင်ရွက်

ထိန်းသိမ်းခံထားရသော မြန်မာနိုင်ငံသားများအား ပြန်လည်ပို့ဆောင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်မှု စတင်ဆောင်ရွက်

ထိန်းသိမ်းခံထားရသော မြန်မာနိုင်ငံသားများအား ပြန်လည်ပို့ဆောင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်မှု စတင်ဆောင်ရွက်

ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် မလေးရှားဘက်မှ အဆိုပြုထားသည့် ရက်များအတိုင်း ပြန်လည်ပို့ဆောင်ရေးအစီအစဉ်ကို ပြန်လည်စီစဉ်ဆောင်ရွက်သွားမည်ဖြစ်သည်။
မြန်မာအစိုးရအနေဖြင့် ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ရေးအား အထူးအလေးထားဆောင်ရွက်လျက်ရှိပြီး ပြည်ပနိုင်ငံများတွင် အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲနှင့် ဒုက္ခများ ကြုံတွေ့နေရသော မြန်မာနိုင်ငံသားများအား ကူညီပံ့ပိုးနိုင်ရန်အတွက် သက်ဆိုင်ရာ မြန်မာသံရုံးများနှင့် ကောင်စစ်ဝန်ချုပ်ရုံးများမှတစ်ဆင့် လိုအပ်သော ကောင်စစ်ရေးအကူအညီများကို အစဉ်တစိုက် ပေးအပ်လျက်ရှိသည့်အပြင် ၎င်းတို့အား မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက်လည်း ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။

NIYO Media သည် အချက်အလက် တိကျမှုကို အလေးထားပါသည်။ ဤသတင်းတွင် အမှားတစ်စုံတစ်ရာ တွေ့ရှိပါက ">ကျွန်ုပ်တို့ထံ အကြောင်းကြားပါ — စစ်ဆေးပြီး ပြင်ဆင်ပေးပါမည်။

ဤသတင်းကို မျှဝေရန်