ကလောမြို့နယ်ပအိုဝ်းစာပေနှင့်ယဥ်ကျေးမှုအဖွဲ့မှပထမအကြိမ်ဝါဆိုသင်ကန်းဆက်ကပ်လှူဒါန်း

ဘာသာရေး
admin ဖတ်ရန် ၁ မိနစ်

စက်တင်ဘာလ(၂)ရက် ၂၀၂၆ ကလော

ကလောမြို့နယ် ပအိုဝ်းစာပေနှင့်ယဥ်ကျေးမှုအဖွဲ့သည် ကလောမြို့နယ် ပင်းတယမြို့နယ် ရွာငံမြို့နယ်အတွင်းရှိ ပအိုဝ်းဆရာတော် သံဃာ တော်အရှင်သူမြတ်တို့အား ပထမအကြိမ်ဖြင့်ဝါဆိုသင်ကန်းဆက်ကပ်လှူဒါန်းခြင်း နှင့်သြဝါဒခံယူခြင်း ဆွမ်း ခဲဘွယ်များတို့ကို ယနေ့ဝါခေါင်လပြည့်ကျော်(၅)နေ့ နံနက်၁၀နာရီမှ နေ့လည်၁၁နာရီအထိ အောင်ပန်းမြို့ပေါ်ရှိ ပအိုဝ်းစာပေနှင့်ယဥ်ကျေးမှုအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပါသည်။

အခန်းအနားတွင် နမော တဿ သုံးကြိမ်ရွတ် ဆို၍ဖွင့်လစ်ခြင်း ကလောမြို့ မြို့မဆရာတော်ထံငါးပါးသီလခံယူခဲ့ပြီးနောက် သြဝါဒ စကားခံယူခဲ့ကြသည်။ထို့နောက် ပအိုဝ်းစာပေနှင့်ယဥ်ကျေးမှုအဖွဲ့တာဝန်ရှိလူကြီးမှ ပင့်ကျောင်းဆရာတော် သံဃာတော်များအား ဝါဆိုသင်ကန်းဆက်ကပ်လှူဒါန်းခြင်းနှင့် တရားနာရေစက်ချ အမျှပေးဝေ ခဲ့ကြသည်။

ကလောမြို့နယ် ပအိုဝ်းစာပေယဥ်ကျေးမှုအဖွဲ့ဥက္ကဌဖြားခွန်သူတော်မှ တနှစ်တာဆောင်ရွက်ခဲ့သည့် လုပ်ငန်းဆောင်ချက်များကို လျောက်ထားတင်ပြခဲ့ပြီး ယနေ့ကျင်းပသော ဝါဆိုသင်ကန်းဆက်ကပ်လှူဒါန်းပွဲကို ကလော ပင်းတယ ရွာငံမြို့နယ်တို့ရှိ သံဃာတော်(၁၂)ပါး ပအိုဝ်းစာပေနှင့်ယဥ်ကျေးမှုအဖွဲ့ဥက္ကဌဖြားခွန်သူတော်နှင့်အဖွဲ့များ ကလောမြို့နယ်ပအိုဝ်းလူငယ်အဖွဲ့(KPYO)မှလူငယ်ခေါင်းဆောင်များ မြို့မိမြို့ဖများ ကျေးရွာအုပ်စုတာဝန်ရှိပုဂ္ဂိုလ်များ လူဦးရေ(၅၀)ခန့်တက်ရောက်ခဲ့ကြောင်းသိရပါသည်။

ကလောမြို့နယ်ပအိုဝ်းစာပေနှင့်ယဥ်ကျေးမှုအဖွဲ့မှပထမအကြိမ်ဝါဆိုသင်ကန်းဆက်ကပ်လှူဒါန်း

ကလောမြို့နယ်ပအိုဝ်းစာပေနှင့်ယဥ်ကျေးမှုအဖွဲ့မှပထမအကြိမ်ဝါဆိုသင်ကန်းဆက်ကပ်လှူဒါန်း

ကလောမြို့နယ်ပအိုဝ်းစာပေနှင့်ယဥ်ကျေးမှုအဖွဲ့မှပထမအကြိမ်ဝါဆိုသင်ကန်းဆက်ကပ်လှူဒါန်း

ကလောမြို့နယ်ပအိုဝ်းစာပေနှင့်ယဥ်ကျေးမှုအဖွဲ့မှပထမအကြိမ်ဝါဆိုသင်ကန်းဆက်ကပ်လှူဒါန်း

ကလောမြို့နယ်ပအိုဝ်းစာပေနှင့်ယဥ်ကျေးမှုအဖွဲ့မှပထမအကြိမ်ဝါဆိုသင်ကန်းဆက်ကပ်လှူဒါန်း

NIYO Media သည် အချက်အလက် တိကျမှုကို အလေးထားပါသည်။ ဤသတင်းတွင် အမှားတစ်စုံတစ်ရာ တွေ့ရှိပါက ">ကျွန်ုပ်တို့ထံ အကြောင်းကြားပါ — စစ်ဆေးပြီး ပြင်ဆင်ပေးပါမည်။

ဤသတင်းကို မျှဝေရန်