ဆိုးရွားပြင်းထန်သည့်ရေကြီးမှုကြောင့် နီပေါတွင် သေဆုံးသူဦးရေ ၁,၀၀၀ ကျော်ရှိလာ

နိုင်ငံတကာ
admin ဖတ်ရန် ၁ မိနစ်

စက်တင်ဘာ(၂)ရက်၊ ၂၀၂၆

နီပေါနှင့် တရုတ်နိုင်ငံတို့၏ နယ်စပ်ဒေသတွင် ၂၀၂၆ခုနှစ် ဩဂုတ်လ ၂၆ ရက်က စတင်ဖြစ်ပွားခဲ့သည့် ဆိုးရွားပြင်းထန်သောရေကြီးရေလျှံမှုကြောင့် စက်တင်ဘာ (၁)ရက်နေ့ ထုပ်ပြန်ချက်တွင် သေဆုံးသူစုစုပေါင်း ၁,၀၁၉ ဦးအထိ ရှိလာပြီးလူပေါင်း ၄,၄၀၀ ကျော်မှာ ပျောက်ဆုံးနေဆဲဖြစ်ကာကယ်ဆယ်ရေးအဖွဲ့များက သဘာဝဘေးအန္တရာယ်ကြောင့် အဆက်အသွယ်ပြတ်တောက်ကာသွားလာရန်ခက်ခဲနေသည့် ဒေသများသို့ ရောက်ရှိနိုင်ရန် ကြိုးပမ်းနေကြသည်။အဆိုပါသဘာဝဘေးသည် နီပေါနိုင်ငံ ရာဆူဝါ (Rasuwa) ခရိုင်နှင့်တရုတ်နိုင်ငံ တိဘက်ဒေသ နယ်စပ်အနီးတွင် ရေခဲနှင့် ကျောက်တုံးများပြိုကျမှုမှတစ်ဆင့် ရုတ်တရက် ရေလွှမ်းမိုးမှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

အင်္ဂါနေ့တွင် ထုတ်ပြန်သည့် နောက်ဆုံးအခြေအနေအရနီပေါနိုင်ငံ အမျိုးသားသဘာဝဘေးအန္တရာယ် လျှော့ချရေးနှင့်စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့ (NDRRMA)က နီပေါနိုင်ငံအတွင်း သေဆုံးသူဦးရေကို ယခင် ၉၈၇ ဦးမှ ၁,၀၀၃ ဦးအထိ ပြန်လည်ပြင်ဆင်ထုတ်ပြန်ခဲ့သည်။

ထို့အပြင် နီပေါနိုင်ငံတွင် လူပေါင်း ၃,၉၁၆ ဦးပျောက်ဆုံးနေဆဲဖြစ်ပြီး ၎င်းတို့အနက် နိုင်ငံခြားသား ၅၈၃ ဦး ပါဝင်ကြောင်း NDRRMA၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကယ်ဆယ်ရေးအဖွဲ့များသည် ရေကြီးမှုကြောင့် ပျက်စီးခဲ့သည့်လမ်းများ၊ တံတားများနှင့် ရေအားလျှပ်စစ်စီမံကိန်းများရှိရာ ဒေသများသို့ ဝင်ရောက်ကာပျောက်ဆုံးသူများကို ဆက်လက်ရှာဖွေနေကြကြောင်းသိရသည်။

ဆိုးရွားပြင်းထန်သည့်ရေကြီးမှုကြောင့် နီပေါတွင် သေဆုံးသူဦးရေ ၁,၀၀၀ ကျော်ရှိလာ

ဆိုးရွားပြင်းထန်သည့်ရေကြီးမှုကြောင့် နီပေါတွင် သေဆုံးသူဦးရေ ၁,၀၀၀ ကျော်ရှိလာ

ဆိုးရွားပြင်းထန်သည့်ရေကြီးမှုကြောင့် နီပေါတွင် သေဆုံးသူဦးရေ ၁,၀၀၀ ကျော်ရှိလာ

ဆိုးရွားပြင်းထန်သည့်ရေကြီးမှုကြောင့် နီပေါတွင် သေဆုံးသူဦးရေ ၁,၀၀၀ ကျော်ရှိလာ

ဆိုးရွားပြင်းထန်သည့်ရေကြီးမှုကြောင့် နီပေါတွင် သေဆုံးသူဦးရေ ၁,၀၀၀ ကျော်ရှိလာ

ဆိုးရွားပြင်းထန်သည့်ရေကြီးမှုကြောင့် နီပေါတွင် သေဆုံးသူဦးရေ ၁,၀၀၀ ကျော်ရှိလာ

ဆိုးရွားပြင်းထန်သည့်ရေကြီးမှုကြောင့် နီပေါတွင် သေဆုံးသူဦးရေ ၁,၀၀၀ ကျော်ရှိလာ

NIYO Media သည် အချက်အလက် တိကျမှုကို အလေးထားပါသည်။ ဤသတင်းတွင် အမှားတစ်စုံတစ်ရာ တွေ့ရှိပါက ">ကျွန်ုပ်တို့ထံ အကြောင်းကြားပါ — စစ်ဆေးပြီး ပြင်ဆင်ပေးပါမည်။

ဤသတင်းကို မျှဝေရန်