၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ပွဲ၌ ရှမ်းပြည်နယ်ဝန်ကြီးချုပ် စိုင်းထိန်စိုး အမှာစကားပြောကြား

စီးပွားရေး
Niyo Media ဖတ်ရန် ၁ မိနစ်

မေလ(၁၆)ရက်၊ ၂၀၂၆
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ လွိုင်လင်ခရိုင်ဘဏ်ခွဲမှ ကြီးမှူး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ ရက်ပေါင်း (၁၀၀) စီမံချက်အရ ဆောင်ရွက်သည့် ၂၀၂၆ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် စိုင်းထိန်စိုး တက်ရောက် အမှာစကား ပြောကြားခဲ့ပါသည်။
၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ပွဲ၌ ရှမ်းပြည်နယ်ဝန်ကြီးချုပ် စိုင်းထိန်စိုး အမှာစကားပြောကြား

၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ပွဲ၌ ရှမ်းပြည်နယ်ဝန်ကြီးချုပ် စိုင်းထိန်စိုး အမှာစကားပြောကြား
အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာ၌ ဒေသခံတောင်သူလယ်သမားများ မိုးရာသီစိုက်ပျိုးချိန်တွင် အရင်းအနှီး အဆင်ပြေစေရန်၊ စိုက်ပျိုးစီးပွား မြှင့်တင်နိုင်ရန်နှင့် သတ်မှတ်ကာလအတွင်း အချိန်မီ စိုက်ပျိုးနိုင်ရန်အတွက် ယခုကဲ့သို့ စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးရခြင်းဖြစ်ကြောင်းသိရပါသည်။
၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ပွဲ၌ ရှမ်းပြည်နယ်ဝန်ကြီးချုပ် စိုင်းထိန်စိုး အမှာစကားပြောကြား
ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တက်ရောက်လာကြသော ဒေသခံတောင်သူများထံသို့ (၂၀၂၆ ) ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ကြသည်။
၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ပွဲ၌ ရှမ်းပြည်နယ်ဝန်ကြီးချုပ် စိုင်းထိန်စိုး အမှာစကားပြောကြား

၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ပွဲ၌ ရှမ်းပြည်နယ်ဝန်ကြီးချုပ် စိုင်းထိန်စိုး အမှာစကားပြောကြား
အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ ၊ လွိုင်လင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ခွန်အောင်ဆန်း၊ လွိုင်လင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ခွန်သက်နိုင်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်အဆင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ လွိုင်လင်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူလယ်သမားများနှင့် ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ပွဲ၌ ရှမ်းပြည်နယ်ဝန်ကြီးချုပ် စိုင်းထိန်စိုး အမှာစကားပြောကြား

၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ပွဲ၌ ရှမ်းပြည်နယ်ဝန်ကြီးချုပ် စိုင်းထိန်စိုး အမှာစကားပြောကြား

NIYO Media သည် အချက်အလက် တိကျမှုကို အလေးထားပါသည်။ ဤသတင်းတွင် အမှားတစ်စုံတစ်ရာ တွေ့ရှိပါက ">ကျွန်ုပ်တို့ထံ အကြောင်းကြားပါ — စစ်ဆေးပြီး ပြင်ဆင်ပေးပါမည်။

ဤသတင်းကို မျှဝေရန်