အထူးဒေသ(၆) စိုက်ပျိုးရေးဌာနဗဟိုမှ ကျေးရွာအခြေပြုတောင်သူများအား သီးနှံစိုက်ပျိုးရေး အသိပညာပေး

စီးပွားရေး
Niyo Media ဖတ်ရန် ၂ မိနစ်

မတ်လ ၈ ရက်၊ ၂၀၂၆
ရှမ်းပြည်နယ်အတွင်းရှိ အထူးဒေသ(၆) ၊စိုက်ပျိုးရေးဌာန(ဗဟို)မှ ကျေးရွာအခြေပြု စိုက်ပျိုးရေးတောင်သူများ သီးနှံများကို ထိရောက်စွာ စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေး ကွင်းဆင်းရှင်းလင်းပွဲကို တောင်ကြီးမြို့နယ်၊ ပေါမူဘုန်းတော်ကြီးကျောင်း၌ ယနေ့ မတ်လ ၈ ရက် နံနက်(၁၀)နာရီအချိန်တွင် အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အထူးဒေသ(၆) စိုက်ပျိုးရေးဌာနဗဟိုမှ ကျေးရွာအခြေပြုတောင်သူများအား သီးနှံစိုက်ပျိုးရေး အသိပညာပေး

အဆိုပါ အခမ်းအနားတွင် တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်များက ပေါမူပရိယတ္တိစာသင်တိုက် ပဓာန နာယကဆရာတော်ထံမှ ငါးပါးသီလ ခံယူခဲ့ကြရာ၊ အထူးဒေသ(၆)၊ စိုက်ပျိုးရေးဌာန ဥက္ကဌ ဦးခွန်ထွန်းရွှေမှ အဖွင့်အမှာစကားပြောကြားပေးခဲ့ကြောင်း သိရသည်။
အထူးဒေသ(၆) စိုက်ပျိုးရေးဌာနဗဟိုမှ ကျေးရွာအခြေပြုတောင်သူများအား သီးနှံစိုက်ပျိုးရေး အသိပညာပေး

အထူးဒေသ(၆) စိုက်ပျိုးရေးဌာနဗဟိုမှ ကျေးရွာအခြေပြုတောင်သူများအား သီးနှံစိုက်ပျိုးရေး အသိပညာပေး
ဆက်လက်၍ တောင်ကြီးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်ကျော် က ကျေးရွာအတွင်းရှိ တောင်သူများနှင့် တွေ့ဆုံကာ ရာသီအလိုက် သီးနှံရွေးချယ်စိုက်ပျိုးနည်း၊ မြေနေရာရွေးချယ်မှု မှန်ကန်သောနည်း၊မြေဩဇာသုံးစွဲနည်း၊ ပိုးမွှားကာကွယ်ထိန်းချုပ်နည်းများကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။ထို့အပြင် စိုက်ပျိုးရေးထွက်ကုန် အရည် အသွေးမြှင့်တင်နိုင်ရေးနှင့် အထွက်နှုန်း တိုး တက်လာစေရေးအတွက် နည်းပညာများကိုလည်း တောင်သူများအား မျှဝေခဲ့ကြောင်း သိရသည်။
အထူးဒေသ(၆) စိုက်ပျိုးရေးဌာနဗဟိုမှ ကျေးရွာအခြေပြုတောင်သူများအား သီးနှံစိုက်ပျိုးရေး အသိပညာပေး
“တောင်သူတွေ သီးနှံစိုက်ပျိုးရာမှာ မျိုးစေ့ နည်းလမ်းမှန်နဲ့ စိုက်ပျိုးနိုင်ဖို့၊ နေရာရွှေးချယ်မှုလဲမှန်ကန်ဖို့၊ စိုက်ပျိုးရေးလဲမှန်ကန်ဖို့၊ စျေးနူံးနဲ့အထွက်နှုန်းကောင်းလာဖို့အတွက် အခုလို ကွင်းဆင်းပြီး အသိပညာပေးတာ ဖြစ်ပါတယ်”ဟု အထူးဒေသ(၆)စိုက်ပျိုးရေးဌာန တာဝန်ရှိသူများထံမှ ကြားသိရသည်။
အထူးဒေသ(၆) စိုက်ပျိုးရေးဌာနဗဟိုမှ ကျေးရွာအခြေပြုတောင်သူများအား သီးနှံစိုက်ပျိုးရေး အသိပညာပေး

ထို့နောက် အထူးဒေသ(၆)စိုက် ပျိုးရေးဌာန ဒုဥက္ကဌ ဦးခွန်ဆန်းဦးမှ စိုက်ပျိုးရေးမွေးမြူရေး ရည်ရွယ်ချက်၊ ရည်မှန်းချက်နှင့်သက်ဆိုင်သော မူဝါဒများအား ရှင်းလင်းပြောကြားကာ၊ ဗဟိုစီးပွားရေးဌာန(၁၈)၊ အထူးဒေသ(၆) စိုက်မွေးဌာန အတွင်းရေးမှူး ဦးခွန်ပေါက်စီ က ” ပြောင်းစိုက်တောင်သူများအနေဖြင့် ပုံစံ(၇)ရရှိပြီးသောလယ်ယာမြေများကို နိုင်ငံတော် ဘဏ်နှင့် ပြောင်းမျိုးစေ့ ကုမ္ပဏီတို့ပူးပေါင်းပြီး ငွေချေးစနစ် သက်သာသော အတိုးနူန်းနည်းဖြင့် ပံ့ပိုးကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ပုံစံ(၇)မလုပ်ရသေးသော စိုက်ပျိုးတောင်သူများအား သက်ဆိုင်ရာဌာနနဲ့ ပြုလုပ်ရန်လိုအပ်ကြောင်းနှင့် ပွဲရုံဖွင့်လှစ်သူများနဲ့ အိမ်ခြံမြေဂရမ်ရှိသူများလည်း အရင်းအနှီးထုပ်ပေးမည်ဖြစ်ကြောင်း” ပြောကြားသည်။
အထူးဒေသ(၆) စိုက်ပျိုးရေးဌာနဗဟိုမှ ကျေးရွာအခြေပြုတောင်သူများအား သီးနှံစိုက်ပျိုးရေး အသိပညာပေး

အထူးဒေသ(၆) စိုက်ပျိုးရေးဌာနဗဟိုမှ ကျေးရွာအခြေပြုတောင်သူများအား သီးနှံစိုက်ပျိုးရေး အသိပညာပေး
အဆိုပါ အသိပညာပေးအစီအစဉ်တွင် ဒေသခံတောင်သူများ(၂၀၀) တက်ရောက်ခဲ့ပြီး စိုက်ပျိုးရေးလုပ်ငန်းများတွင် အသုံးချနိုင်မည့် အတွေ့အကြုံနှင့် နည်းလမ်းများကို လေ့လာခဲ့ကြကြောင်း သိရသည်။
အထူးဒေသ(၆) စိုက်ပျိုးရေးဌာနဗဟိုမှ ကျေးရွာအခြေပြုတောင်သူများအား သီးနှံစိုက်ပျိုးရေး အသိပညာပေး

NIYO Media သည် အချက်အလက် တိကျမှုကို အလေးထားပါသည်။ ဤသတင်းတွင် အမှားတစ်စုံတစ်ရာ တွေ့ရှိပါက ">ကျွန်ုပ်တို့ထံ အကြောင်းကြားပါ — စစ်ဆေးပြီး ပြင်ဆင်ပေးပါမည်။

ဤသတင်းကို မျှဝေရန်