ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ ရှေ့ဆက်လုပ်ငန်းစဉ်များအကြောင်း
အမျိုးသားရေးပအိုဝ်းလူမျိုးများ၏ စကား၊ စာပေ၊ ဝတ်စားဆင်ယင်မှု၊ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်း၊ အမျိုးသားလက္ခဏာနှင့် သမိုင်းအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်၍ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ပြီး မိမိတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်တို့ကို သားစဉ်မြေးဆက်အထိ အမွေကောင်းများ ပေးနိုင်ရန် ဖော်ဆောင်သွားမည်
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ ရှေ့ဆက်လုပ်ငန်းစဉ်များအမှတ်စဉ်(၁)သည် အထက်ပါဖော်ပြပါအတိုင်းဖြစ်ပြီး ပအိုဝ်းတိုင်းရင်းသားများအတွက် အမှန်တစ်ကယ်လိုအပ်နေသည့် ကိစ္စရပ်များဖြစ်ပါသည် အဆိုပါ ရှေ့ဆက်လုပ်ငန်းစဉ်တွေကို အမှန်တစ်ကယ်တက်တက်ကြွကြွဖော်ဆောင်ဖို့ အင်မတန်အရေးပါလှသည် ။
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ အနေနဲ့ ဘယ်လိုတည်ဆောက်မလဲ
ဘယ်လိုဖွဲ့စည်းပုံနဲ့ သွားမလဲ
ဘယ်လိုလူအမျိုးစားတွေနဲ့ သွားမလဲ
ဘယ်လိုမူဝါဒတွေနဲ့ သွားမလဲ
NIYO Media သည် အချက်အလက် တိကျမှုကို အလေးထားပါသည်။ ဤသတင်းတွင် အမှားတစ်စုံတစ်ရာ တွေ့ရှိပါက ">ကျွန်ုပ်တို့ထံ အကြောင်းကြားပါ — စစ်ဆေးပြီး ပြင်ဆင်ပေးပါမည်။







