အထူးဒေသ(၆)ပအိုဝ်းငြိမ်းချမ်းရေး(၃၅)နှစ်ပြည့် အထိန်းအမတ်ဂုဏ်ပြုပွဲအတွက် မျင်ꩻမိုရ်ႏခမ်း(အခါဝ်ကွဥ်ႏ) စင်းသင်းကောင်ခယ်ႏ တာ၀န်ရှိပုဂ္ဂိုလ်များတွေ့ဆုံဆွေးနွေး
ပြည်တွင်းအထူးဒေသ(၆)ပအိုဝ်းငြိမ်းချမ်းရေး(၃၅)နှစ်ပြည့် အထိန်းအမတ်ဂုဏ်ပြုပွဲအတွက် မျင်ꩻမိုရ်ႏခမ်း(အခါဝ်ကွဥ်ႏ) စင်းသင်းကောင်ခယ်ႏ တာ၀န်ရှိပုဂ္ဂိုလ်များတွေ့ဆုံဆွေးနွေး

မတ်လ ၁၀ရက်၊ ၂၀၂၆ခုနှစ်
အထူးဒေသ(၆)ရှမ်းပြည်နယ်(တောင်ပိုင်း) ၊နမ့်စန်မြို့နယ် ဒု−ခမ်းဗွေႏရုံးတွင် ပအိုဝ်းငြိမ်းချမ်းရေး (၃၅)နှစ်ပြည့် အထိန်းအမတ်ဂုဏ်ပြုပွဲအတွက် ဖြာႏတန်ကောင်ခယ်ႏဗျူဟာ၊ ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီးခွန်သာထွန်း ဦးဆောင် ၍ မတ်လ ၉ရက် ၂၀၂၆ခုနှစ် မနက်(၁၀)နာရီအချိန်၌ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

တွေ့ဆုံပွဲတွင် (၁၉၉၁) ခုနှစ်မှစတင်ကာ အထူးဒေသ (၆)
ပအိုဝ်းအဖွဲ့၏ ငြိမ်းချမ်းရေးရယူခဲ့သည့် သမိုင်းကြောင်းကို ဂုဏ်ပြုကာ ဧပြီလ (၁၁) ရက်နေ့တွင် ကျရောက်မည့် (၃၅) နှစ်ပြည့် ပအိုဝ်းငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ကျင်းပသွားမည်ဖြစ်ကြောင်း၊ အဆိုပါအခမ်းအနားနှင့်ပတ်သက်၍ ဗိုလ်မှူးခွန်သျှိုးမှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်ပြီး ဖြာႏတန်ကောင်ခယ်ႏဗျူဟာ ဗျူဟာမှူး ဒုတိယ ဗိုလ်မှူးကြီးခွန်သာထွန်း ကဒေသဖွံဖြိုးရေး အကြောင်း၊(၃၅)နှစ် အတောတွင်းထဲက လုပ်ရှားမှု့အားလုံးနှင့် ၊ရပ်ရွာဒေသတိုးတက်မှု အတိုင်းအတာတို့ ကို ပြည်သူပြည်သားများ သိစေရန် တင်ပြမည့်အကြောင်း၊ အနာဂတ် (ခမ်း၊နယ်ႏ၊အွိုင်ႏ) ရပ်ရွာဒေသ ပိုပြီးတိုးတက်မှုဆက်လက်ရှိစေရန် ရဲရဲတင်းတင်း အလုပ်လုပ်ဖို့ လိုအပ်တဲ့အကြောင်း၊ မြို့နယ် အုပ်စု အုပ်ချုပ်ရေးပိုင်းဆိုင်ရာ စည်းလုံးညီညွတ်ကြဖို့ အကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး အုပ်စုတိုင်းမှာရှိတဲ့ စာသင်ကျောင်းမှာ ကျောင်းဆရာ/မ များလိုအပ်တဲ့အကြောင်း တင်ပြနိုင်ရန် နှင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန် တင်ပြဆွေးနွေးခဲ့ကြပါသည်။

အဆိုပါတွေ့ဆုံပွဲကို ဖြာႏတန်ကောင်ခယ်ႏဗျူဟာ ဗျူဟာမှူး ဒုတိယ ဗိုလ်မှူးကြီးခွန်သာထွန်း ၊ဗိုလ်မှူးခွန်သျှိုး ၊ စင်းသင်းကောင်ခယ်ႏမြို့နယ်ဥက္ကဌ ဖါဖြာႏပျာꩻ ၊ကျေးရွာဥက္ကဌ၊ တာဝန်ရှိပုဂ္ဂုလ်များနှင့် နီယိုမီဒီယာအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
NIYO Media သည် အချက်အလက် တိကျမှုကို အလေးထားပါသည်။ ဤသတင်းတွင် အမှားတစ်စုံတစ်ရာ တွေ့ရှိပါက ">ကျွန်ုပ်တို့ထံ အကြောင်းကြားပါ — စစ်ဆေးပြီး ပြင်ဆင်ပေးပါမည်။







