ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့်အဖွဲ့များ ပအိုဝ်းအမျိုးသားခေါင်းဆောင် ဖြားတန်စင်ꩻဖါအောင်ႏခမ်းထီကို လာရောက်နှုတ်ဆက် ဂါရဝပြု

အမျိုးသားရေး
Niyo Media ဖတ်ရန် ၁ မိနစ်

6159037249572948237

6159037249572948236
ဩဂုတ်လ ၂၇ ရက်၊ ၂၀၂၅၊ အထူးဒေသ(၆)
ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့်အဖွဲ့ဝင်များသည် ဒီကနေ့ ဩဂုတ်လ ၂၇ ရက်၊ နေ့လယ်ပိုင်းတွင် ပအိုဝ်းအမျိုးသားခေါင်းဆောင် ဖြားတန်စင်ꩻဖါအောင်ႏခမ်းထီနေအိမ် ကျောက်တလုံးကြီးမြို့သို့ လာရောက်လည်ပတ်ပြီး ရင်းနှိီးစွာ နှုတ်ဆက်ဂါရဝပြုခဲ့ကြောင်း သိရသည်။
6159037249572948240

6159037249572948238
အဆိုပါခရီးစဥ်တွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ဝင် ဖြားခွန်စံလွင်နှင့် ရှမ်းပြည်နယ်လွတ်တော်တရားသူကြီးချုပ်နှင့် အဖွဲ့ဝင်များ လိုက်ပါလာပြီး ပအိုဝ်းအမျိုးသားခေါင်းဆောင် ဖြားတန်စင်ꩻဖါအောင်ႏခမ်းထီအား ရင်းရင်းနှီးနှီးနှုတ်ဆက် ဂါရဝပြုခဲ့ကြောင်း သိရသည်။
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ဝင် ဖြားခွန်စံလွင်နှင့် ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးတို့သည် ဩဂုတ်လ ၂၈ ရက်နေ့၌ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ပြုလုပ်မည့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
6159037249572948239
ဓာတ်ပုံ-ဆရာကေ

Credit

NIYO Media သည် အချက်အလက် တိကျမှုကို အလေးထားပါသည်။ ဤသတင်းတွင် အမှားတစ်စုံတစ်ရာ တွေ့ရှိပါက ">ကျွန်ုပ်တို့ထံ အကြောင်းကြားပါ — စစ်ဆေးပြီး ပြင်ဆင်ပေးပါမည်။

ဤသတင်းကို မျှဝေရန်