ဥပဒေဘောင်အတွင်းပြန်ဝင်လာသည့် PNLO တပ်ဖွဲဝင်များအား မိဘထံပြန်လည်အပ်နှံ
ပြည်တွင်းဥပဒေဘောင်အတွင်းပြန်ဝင်လာသည့် PNLO တပ်ဖွဲဝင်များအား မိဘထံပြန်လည်အပ်နှံ
ဧပြီ(၂၈)ရက်၊ ၂၀၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဟိုပုံးမြို၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခန်းမရုံးခန်းမတွင် ဧပြီ(၂၈)ရက်၊ နံနက်(၁၀)နာရီအချိန်တွင် အကြမ်းဖက်သောင်းကျန်းသူ(PNLO)အဖွဲထဲ ရောက်ရှိနေသူများ ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်မှုအားလက်ခံကြိုဆိုခြင်းနှင့် မိဘအုပ်ထိန်းသူထံ ပြန်လည်အပ်နှံခြင်းအခန်းအနားကျင်းပပြုလုပ်ခဲ့ကြောင်းသိရပါသည်။


အဆိုပါအခန်းနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးအဖွဲဥက္ကဌ ဦးခွန်ဖိုးစိန်မှ အဖွင့်အမှာစကားပြောခဲ့သည်။ အဖွင့်အမှာစကားတွင် လမ်းမှားကိုစွန့်လွှတ်၍မိသားစုထံ ပြန်လည်ရောက်ရှိလာခြင်းသည် ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးအတွက်ခြေလှမ်းကောင်းတစ်ရပ်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် လမ်းမှားရောက်ခဲ့သူများကိုရန်သူမဟုတ်ဘဲ သွေးချင်းသားချင်းအဖြစ် ကြိုဆိုလျက်ရှိကြောင်းနှင့်လက်နက်ကိုင်လမ်းစဉ်သည် ပြည်သူနှင့် အနာဂတ်ကို ထိခိုက်စေကြောင်း၊ လမ်းမှားရောက်နေသူများအားအတွေ့အကြုံများ ပြန်လည်မျှဝေကာ အကြမ်းဖက်မှုကင်းသော လမ်းကြောင်းသိုစုပေါင်းပါဝင်လာရန် တိုက်တွန်းခဲ့ပြီး အတိတ်မှ သင်ခန်းစာယူကာ နိုင်ငံနှင့်မိသားစုအကျိုးပြုနိုင်သူများဖြစ်ကြရန် ဆန္ဒပြုကြောင်းနှင့် အလင်းဝင်ရောက်လာသူများဘေးကင်းလုံခြုံစွာ မိသားစုနှင့် ပြန်လည်ပေါင်းစည်းနိုင်ကြပြီးနိုင်ငံတော်တည်ဆောက်ရေးနှင့် ရပ်ရွာအကျိုးအတွက် ပါဝင်ဆောင်ရွက်နိုင်ကြပါစေကြောင်းတိုက်တွန်းအမှာစကားပြောကြားခဲ့ကြောင်သိရှိရပါသည်။


ထိုနောက်ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲအတွင်းရေးမှူးဦးမျိုးအောင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ကိုယ်စား တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံခေတ္တကျောင်းအုပ်ကြီးဗိုလ်မှူးကြီး သန်းနိုင်လွင်နှင့် အသွင်ပြောင်းပြည်သူ့စစ်ဌာနေ(PNA)တာဝန်ရှိပုဂ္ဂိုလ်မှ ဒုတိယဗိုလ်မှူးကြီး ဦးခွန်ကျော်သိန်းမှ အမှာစကား ပြောကြားခဲ့ကြောင်းသိရှိရပါသည်။




ဆက်လက်ပြီး အကြမ်းဖက်အဖွဲအစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင် ဆန့်ကျင်လျက်ရှိသည့်အဖွဲအစည်းအတွင်း ရောက်ရှိနေသူများ ဥပဒေဘောင်အတွင်းသို ပြန်လည်ဝင်ရောက်လာသူများမှဝန်ခံကတိလက်မှတ်ထိုးခြင်းကိုလုပ်ဆောင်ပြီးနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးအဖွဲဥက္ကဌ ဦးခွန်ဖိုးစိန်မှ ကျေးဇူးတင်အမှာစကားပြောကြားပြီးအခန်းနားကိုရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။
အဆိုပါအခန်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးအဖွဲဝင်များ၊အရှေ့ပိုင်းတိုင်းစစ် ဌာနချုပ်မှတာဝန်ရှိသူများ၊ တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံမှတာဝန်ရှိသူများနှင့် အသွင်ပြောင်းပြည်သူ့စစ်ဌာနေ တာဝန်ရှိပုဂ္ဂိုလ်များမှ အလင်းဝင်လာသည့်ဥပဒေဘောင်အတွင်းသို ပြန်လည်ဝင်ရောက်လာသူ(၆၁)ဦးနှင့်လည်းကောင်းတို၏ အုပ်ထိန်းသူမိဘဆွေမျိုးများတက်ရောက်ခဲ့ကြောင့်သတင်းသိရပါသည်။ လက်နက်ကိုင် ဆန့်ကျင်လျက်ရှိသည့်အဖွဲအစည်းတွင်း ရောက်ရှိနေသူများ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူ စုစုပေါင်း(၆၁)ဦးရှိကြောင်းသိရှိရပါသည်။



NIYO Media သည် အချက်အလက် တိကျမှုကို အလေးထားပါသည်။ ဤသတင်းတွင် အမှားတစ်စုံတစ်ရာ တွေ့ရှိပါက ">ကျွန်ုပ်တို့ထံ အကြောင်းကြားပါ — စစ်ဆေးပြီး ပြင်ဆင်ပေးပါမည်။







