နောင်တောင်းဆရာတော်ဦးဆောင်ပြီး တိုက်ပွဲကြောင့်မီးလောင်သွားသည့် မြေဖြူကျေးရွာအား စားသောက်ကုန်များသွားရောက်လှူဒါန်း
ပြည်တွင်းနောင်တောင်းဆရာတော်ဦးဆောင်ပြီး တိုက်ပွဲကြောင့်မီးလောင်သွားသည့် မြေဖြူကျေးရွာအား စားသောက်ကုန်များသွားရောက်လှူဒါန်း
ဧပြီ (၈)ရက်၊ ၂၀၂၆


အထူးဒေသ(၆)၊ ရှမ်းပြည်နယ်(တောင်ပိုင်း)မောက်မယ်မြို့နယ်၊ ကဒူးကြီးကျေးရွာအုပ်စုတွင် တိုက်ပွဲကြောင့်ပျက်စီးသွားသည့် ဗန်းမက်ကျေးရွာနှင့်မြေဖြူကျေးရွာတို့အား နောင်တောင်းဆရာတော်ဦးဆောင်ပြီး လိုအပ်သည့် လူသုံးကုန်၊ စားသောက်ကုန်များကိုသွားရောက်လှူဒါန်းခဲ့ပါသည်။


၂၀၂၆-ခုနှစ်၊ (၁)လပိုင်းလောက်က ကဒူးကြီးကျေးရွာအုပ်စုထဲမှာ အကြမ်းဖက်သောင်းကျန်းသူများက ကျေးရွာကိုစစ်စခန်းအဖြစ်အသုံးချပြီး တိုက်ပွဲဖော်ဆောင်ခဲ့ရာ မိဘပြည်သူများ၏ နေအိမ်များလည်း ပျက်စီးဆုံးရှုံးခဲ့ပါသည်။
တိုက်ပွဲကြောင့် ပျက်စီးဆုံးရှုံးသွားသည့် မြေဖြူကျေးရွာ အိမ်ခြေ(၂၄)အိမ်ကျော်ကို နောင်တောင်းဆရာတော်က ဆန်၊ ဆီ၊ ဆေး၊ ဆား၊ စားသောက်ကုန်များနှင့် ပအိုဝ်းအမျိုးသားတပ်မတော်(PNA)က မိဘပြည်သူများလိုအပ်သည့် သွပ်များကိုပါဝင်လှူဒါန်းပေးခဲ့ပါသည်။


ထိုနောက်ဗန်းမက်ကျေးရွာ အိမ်ခြေ(၁၅၀)ကျော်ကိုလည်း နောင်တောင်းဆရာတော်က စားသောက်ကုန်၊ လူသုံးကုန်များကိုလှူဒါန်းခဲ့ပြီး ကျောင်းထိုင်ဆရာတော်နှင့် မိသားစုဝင်များကိုလည်း အလှူငွေပေးအပ်ခဲ့ပါသည်။
အဆိုပါအစီအစဉ်တွင် နောင်တောင်းဆရာတော်နှင့်တပည့်များ၊ သူရိယခမ်း ခမ်းဗွေႏ၊ ဒုတိယဗိုလ်မှူးခွန်ကျော်သိန်းနှင့်အဖွဲ့ဝင်များသွားရောက်အားပေးခဲ့ကြကြောင်းသိရပါသည်။
သတင်းနှင့်ပြန်ကြားရေး
NIYO Media သည် အချက်အလက် တိကျမှုကို အလေးထားပါသည်။ ဤသတင်းတွင် အမှားတစ်စုံတစ်ရာ တွေ့ရှိပါက ">ကျွန်ုပ်တို့ထံ အကြောင်းကြားပါ — စစ်ဆေးပြီး ပြင်ဆင်ပေးပါမည်။







