(၈၁) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လွိုင်လင်မြို့၌ (၂၅) ခုတင်ဆံ့ တိုင်းရင်းဆေးရုံသစ်ဖွင့်ပွဲကျင်းပ
ကျန်းမာရေး
မတ် ၂၃ရက် ၊၂၀၂၆ခုနှစ်
အထူးဒေသ(၆)၊ ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့၌ (၈၁) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန၏ (၂၅) ခုတင်ဆံ့ တိုင်းရင်းဆေးရုံသစ်ဖွင့်ပွဲကို ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကိုဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါဆေးရုံသစ်အား မတ်လ ၂၁ရက် ၂၀၂၆ခုနှစ် မနက်မှာ ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှုး ဗိုလ်မှုးချုပ် အောင်ကိုဝင်းနှင့်တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဆေးရုံကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များပက်ဖျန်း ပေးခဲ့ပါသည်။
ထို့နောက် ဆေးရုံသစ်ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်လူမှုရေးရာဝန်ကြီးက ဂုဏ်ပြုအမှာစကားပြောကြားပြီး တိုင်းရင်းဆေးပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ချုပ်ဒေါက်တာစုစုဒွေး မှဆေးရုံသစ်ဖွင့်လှစ်ပေးရခြင်းအကြောင်းပြောကြားပြီး ဒေသခံပြည်သူတစ်ဦးကလည်း ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။
ထိုနောက် ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိပုဂ္ဂိုလ်များက ဆေးရုံသစ်အား လှည့်လည်ကြည့်ရှု စစ်ဆေး ခဲ့ကြောင်းသိရပါသည်။

စင်းသင်းကောင်ခယ်ႏ ၊ နီယိုမီဒီယာ
Email – niyomedia839@gmail.com#နယိုသတင်းဌာန#niyomedia Tiktok- https://www.tiktok.com/@niyomedia01?is_from_webapp=1… – https://blackkaung.xyz/Telegram – https://t.me/niyomediaYouTube – https://www.youtube.com/@niyomedia14
NIYO Media သည် အချက်အလက် တိကျမှုကို အလေးထားပါသည်။ ဤသတင်းတွင် အမှားတစ်စုံတစ်ရာ တွေ့ရှိပါက ">ကျွန်ုပ်တို့ထံ အကြောင်းကြားပါ — စစ်ဆေးပြီး ပြင်ဆင်ပေးပါမည်။







