(၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဂနိုင်ကန်လမ်း (ကတ္တရာလမ်း + ကွန်ကရစ်လမ်း ) နှင့် ဂနိုင်ကန်သာယာ ကန်ပတ်လမ်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

ပြည်တွင်း
Niyo Media ဖတ်ရန် ၃ မိနစ်

(၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဂနိုင်ကန်လမ်း (ကတ္တရာလမ်း + ကွန်ကရစ်လမ်း ) နှင့် ဂနိုင်ကန်သာယာ ကန်ပတ်

မတ်လ ၂၀ ရက်၊ ၂၀၂၆-ခုနှစ်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ ဂနိုင်ကန်လမ်းမပေါ်၌ မတ်လ ၂၀ ရက် ယနေ့ နံနက် ၉ နာရီအချိန်တွင် (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဂနိုင်ကန်လမ်း (ကတ္တရာလမ်း + ကွန်ကရစ်လမ်း ) နှင့် ဂနိုင်ကန်သာယာ ကန်ပတ်လမ်း ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ပါသည်။
(၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဂနိုင်ကန်လမ်း (ကတ္တရာလမ်း + ကွန်ကရစ်လမ်း ) နှင့် ဂနိုင်ကန်သာယာ ကန်ပတ်

(၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဂနိုင်ကန်လမ်း (ကတ္တရာလမ်း + ကွန်ကရစ်လမ်း ) နှင့် ဂနိုင်ကန်သာယာ ကန်ပတ်

ဖွင့်အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် မှ အဖွင့်အမှာစကားပြောကြားရာတွင် ဒေသခံတိုင်းရင်းသားပြည်သူများအနေနဲ့ မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ဖို့အတွက် “ တောင်ကြီးမြို့ ၊ ကျောင်း ကြီးစုရပ်ကွက် ၊ဂနိုင်ကန်လမ်း (ကတ္တရာလမ်းကွန်ကရစ်လမ်း) နှင့် ဂနိုင်ကန် သာယာအတွင်းမှာရှိတဲ့ ကန်(၃)ကန်နှင့်ကန်ပတ်လမ်းများ ပတ်ဝန်းကျင် သာယာလှပရေးများ” အား ရေရှည် တည်တံ့ခိုင်မြဲကောင်းမွန်အောင် ဝိုင်းဝန်းထိန်း သိမ်း စောင့်ရှောက်ပေးကြပါရန်၊ မိမိတို့ ဒေသအတွင်း အဆင့်မြှင့်တင် တိုးတက် ပြုပြင်ဖို့ ကျန်ရှိနေသေးတဲ့ လမ်း /တံတားများ ဆက်လက်ဆောင်ရွက်တဲ့အခါ မှာလည်း အတူတကွ ဝိုင်းဝန်းလက်တွဲပြီး ပူးပေါင်းဆောင်ရွက်ပေးကြပါလို့ တိုက် တွန်း ပြောကြားခဲ့ပါသည်။
(၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဂနိုင်ကန်လမ်း (ကတ္တရာလမ်း + ကွန်ကရစ်လမ်း ) နှင့် ဂနိုင်ကန်သာယာ ကန်ပတ်

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်နိုင်ဦး၊ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးသန်းဦးလွင်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ်လမ်းပန်းဆက် သွယ်ရေးရာဝန်ကြီး ဦးနေဝင်းအောင်တို့က ကျောင်းကြီးစုရပ်ကွက်၊ဂနိုင်ကန်လမ်းနှင့် ဂနိုင်ကန်သာယာကန်ပတ်လမ်း အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
(၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဂနိုင်ကန်လမ်း (ကတ္တရာလမ်း + ကွန်ကရစ်လမ်း ) နှင့် ဂနိုင်ကန်သာယာ ကန်ပတ်

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့မှ ဘင်ခရာ၊ ပန်းပွားအကအဖွဲ့နှင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အဖွဲ့များအား ဂုဏ်ပြုဆုများချီးမြှင့်ပေးခဲ့ပြီး ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လမ်းဖွင့်ပွဲအထိမ်းအမှတ် မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးပြီး ဂနိုင်ကန် လမ်းအား လှည့်လည် စစ်ဆေးကြည့်ရှု ခဲ့ကြောင်းသိရသည်။
(၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဂနိုင်ကန်လမ်း (ကတ္တရာလမ်း + ကွန်ကရစ်လမ်း ) နှင့် ဂနိုင်ကန်သာယာ ကန်ပတ်

(၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဂနိုင်ကန်လမ်း (ကတ္တရာလမ်း + ကွန်ကရစ်လမ်း ) နှင့် ဂနိုင်ကန်သာယာ ကန်ပတ်

ထို့နောက် ဂနိုင်ကန်သာယာ( ကန် ၂ ၊ ကန် ၃ ) မုခ်ဦးရှေ့၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်မှ ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန နှင့် Ecocare Co., Ltd တို့အား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပြီး ကိန္နရီ၊ ကိန္နရာ တိုးနယားအဖွဲ့နှင့် ဘင်ခရာပန်းပွားအဖွဲ့တို့အား ဂုဏ်ပြုဆုချီး မြှင့်သည်။
(၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဂနိုင်ကန်လမ်း (ကတ္တရာလမ်း + ကွန်ကရစ်လမ်း ) နှင့် ဂနိုင်ကန်သာယာ ကန်ပတ်

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြပြီး ဂနိုင်ကန်သာယာကန်ပတ်လမ်းအား စစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။
(၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဂနိုင်ကန်လမ်း (ကတ္တရာလမ်း + ကွန်ကရစ်လမ်း ) နှင့် ဂနိုင်ကန်သာယာ ကန်ပတ်

(၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဂနိုင်ကန်လမ်း (ကတ္တရာလမ်း + ကွန်ကရစ်လမ်း ) နှင့် ဂနိုင်ကန်သာယာ ကန်ပတ်

အဆိုပါ ဂနိုင်ကန်သာယာ ကန်ပတ်လမ်း ဖွင့်ပွဲအခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်နိုင်ဦး၊ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးသန်းဦးလွင်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ်လမ်းပန်းဆက် သွယ်ရေးရာဝန်ကြီး ဦးနေဝင်းအောင်၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တိုင်းရင်းသားစာပေယဥ်မှုအဖွဲ့များတို့က တက်ရောက်အားပေးခဲ့ကြောင်း သတင်းရရှိပါသည်။
(၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဂနိုင်ကန်လမ်း (ကတ္တရာလမ်း + ကွန်ကရစ်လမ်း ) နှင့် ဂနိုင်ကန်သာယာ ကန်ပတ်

(၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဂနိုင်ကန်လမ်း (ကတ္တရာလမ်း + ကွန်ကရစ်လမ်း ) နှင့် ဂနိုင်ကန်သာယာ ကန်ပတ်

NIYO Media သည် အချက်အလက် တိကျမှုကို အလေးထားပါသည်။ ဤသတင်းတွင် အမှားတစ်စုံတစ်ရာ တွေ့ရှိပါက ">ကျွန်ုပ်တို့ထံ အကြောင်းကြားပါ — စစ်ဆေးပြီး ပြင်ဆင်ပေးပါမည်။

ဤသတင်းကို မျှဝေရန်