၂၀၂၆၊ဒုတိယအကြိမ်မြောက် ကမ္ဘောဇဖလား အလွတ်တန်းဘောလုံးအားကစားပြိုင်ပွဲ ၊ဖိုင်နယ်ပွဲတွင် ပအိုဝ်းအမျိုးသားကိုယ်စားပြု မျင်ꩻမိုရ်ႏခမ်းအသင်းမှ ပထမဆု ရရှိ

အားကစား
Niyo Media ဖတ်ရန် ၂ မိနစ်

၂၀၂၆၊ဒုတိယအကြိမ်မြောက် ကမ္ဘောဇဖလား အလွတ်တန်းဘောလုံးအားကစားပြိုင်ပွဲ ၊ဖိုင်နယ်ပွဲတွင် ပအိုဝ်းအမျိုးသားကိုယ်စားပြု မျင်ꩻမိုရ်ႏခမ်းအသင်းမှ ပထမဆု ရရှိ

မတ်လ (၁၆)ရက်၊ ၂၀၂၆၂၀၂၆၊ဒုတိယအကြိမ်မြောက် ကမ္ဘောဇဖလား အလွတ်တန်းဘောလုံးအားကစားပြိုင်ပွဲ ၊ဖိုင်နယ်ပွဲတွင် ပအိုဝ်းအမျိုးသားကိုယ်စားပြု မျင်ꩻမိုရ်ႏခ
အထူးဒေသ(၆)၊ရှမ်းပြည်နယ်တောင်ပိုင်း ၊တောင်ကြီးမြို၊ရှမ်းပြည်နယ်အားကစားကွင်း၌ ယနေ့ မြန်မာစံတော်ချိန် ညနေ(၃)နာရီအချိန်တွင် ဒုတိယအကြိမ် ကမ္ဘောဇအလွတ်တန်း ဘောလုံးအားကစားဖိတ်ခေါ်ဖလား ဖိုင်နယ်ပွဲအနေဖြင့် MOD FC နှင့် ပအိုဝ်းအမျိုးသားကိုယ်စားပြု MYINT MO KHAM FC အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ကြရာ MYINT MO KHAM FC အသင်းမှ ပထမဆု ရရှိခဲ့ပါသည်။၂၀၂၆၊ဒုတိယအကြိမ်မြောက် ကမ္ဘောဇဖလား အလွတ်တန်းဘောလုံးအားကစားပြိုင်ပွဲ ၊ဖိုင်နယ်ပွဲတွင် ပအိုဝ်းအမျိုးသားကိုယ်စားပြု မျင်ꩻမိုရ်ႏခ
အဆိုပါပြိုင်ပွဲ ပထမပိုင်းယှဉ်ပြိုင်ကစားရာတွင် MOD FCအသင်း ကျောနံပါတ်(၁၀) ကျော်မြင့်သူမှ ဦးဆောင်ဂိုးရယူခဲ့ပြီး မကြာခင်အချိန်တွင် မျင်ꩻမိုရ်ႏခမ်း အသင်းမှ ကျောနံပါတ် (၉)နီနီမှ ချေပဂိုး ပြန်
လည်ရရှိခဲ့ရာ ဒုတိယပိုင်း ဆက်လက်ယှဉ်ပြိုင်ကစားရာတွင် နှစ်ဖက်အသင်းစလုံးမှ သွင်းဂိုးရရှိခဲ့ခြင်း မရှိသောကြောင့် အချိန်ပို (၃)မိနစ်ထပ်မံရရှိခဲ့ရာ နှစ်ဖက်စလုံးအသင်းမှ ဂိုးသွင်းနိုင်ခြင်းမရှိခဲ့ပဲ ထို့နောက် ထပ်မံအချိန်ပိုအနေဖြင့် မိနစ်(၂၀)ထပ်မံအကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ကြရာ မျင်ႏမိုရ်ႏခမ်း အသင်း ကျောနံပါတ် (၁၇)မောင်ညိုမှ အနိုင်ဂိုး ကို သွင်းယူပေးခဲ့ပြီး ထို့ကြောင့် ယနေ့၂၀၂၆ ဒုတိယကြိမ်မြောက် ကမ္ဘောဇဖိတ်ခေါ်ဖလား ဘောလုံးအားကစားပြိုင်ပွဲတွင် မျင်ႏမိုရ်ႏခမ်း အသင်းမှ ပထမဆုနှင့် ထိုက်ထိုက်တန်တန် အနိုင်ရရှိခဲ့ပါသည်။
ယနေ့ ၂၀၂၆ အလွတ်တန်း ကမ္ဘောဇဖလားဖိတ်ခေါ်ပြိုင်ပွဲ ဖိုင်နယ်(ဗိုလ်လု)ပွဲကို ပထမဆုအနေဖြင့်ကျပ်သိန်း( ၁၀၀၀)ကျပ်၊ ဒုတိယဆုကျပ်သိန်း (၅၀၀)ကျပ်၊Men of the matchဆုကို မျင်ꩻမိုရ်ႏခမ်းအသင်းမှ ကျောနံပါတ်(၃၂)ခွန်ဖိုးသား မှ ရရှိခဲ့ပါသည်။
အဆိုပါပြိုင်ပွဲသို့ ရှမ်းပြည်နယ်အစိုးရဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ အထူးဖိတ်ကြားထားသောဧည့်သည်တော်များ၊ပြိုင်ပွဲဝင်ဘောလုံးကစားသမားများနှင့် ဒိုင်လူကြီးများ၊ တောင်ကြီးမြို့ရှိ ဧရိုးပစ်အကအဖွဲ့များ၊ သတင်းမီဒီယာများ၊အားကစားဝါသနာရှင်ပရိတ်သတ်များ စုစုပေါင်း(၇၀၀၀)ကျော် လာရောက် အားပေးတက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။၂၀၂၆၊ဒုတိယအကြိမ်မြောက် ကမ္ဘောဇဖလား အလွတ်တန်းဘောလုံးအားကစားပြိုင်ပွဲ ၊ဖိုင်နယ်ပွဲတွင် ပအိုဝ်းအမျိုးသားကိုယ်စားပြု မျင်ꩻမိုရ်ႏခ

NIYO Media သည် အချက်အလက် တိကျမှုကို အလေးထားပါသည်။ ဤသတင်းတွင် အမှားတစ်စုံတစ်ရာ တွေ့ရှိပါက ">ကျွန်ုပ်တို့ထံ အကြောင်းကြားပါ — စစ်ဆေးပြီး ပြင်ဆင်ပေးပါမည်။

ဤသတင်းကို မျှဝေရန်