တောင်ကြီးမြို့တွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကျင်းပ
ပြည်တွင်း
ဖေဖဖော်ဝါရီ ၁၂ ရက်၊ ၂၀၂၆-ခုနှစ်၊
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ အဝေရာကုန်းမြင့်သာယာ(မီးပုံးပျံကွင်း)၌ ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နံနက် ၇:၃၀ အချိန်တွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်း အနား ကျင်းပလျက်ရှိကြောင်း သိရသည်။
အခမ်းအနားတွင် တက်ရောက်လာခဲ့ကြသည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်နှင့် ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ ဂုဏ်ပြုတပ်ဖွဲ့ဝင်များ၊ ဘင်ခရာတပ်ဖွဲ့များ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော တာဝန်ရှိပုဂ္ဂိုလ်များက ပြည်ထောင်သမ္မတမြန်မာနိုင်ငံတော်အလံကို အလေးပြုခဲ့ကြပြီး နိုင်ငံ့သစ္စာ အဓိဌာန် (၄)ချက်ကို သံပြိုင်ရွတ်ဆိုခဲ့ကြကာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတောလုံခြုံံရေးနှင့် အေးချမ်းသာယာရေးကကော်မရှင်ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ထံမှ ပေးပို့လာသော သဝဏ်လွှာကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် က ဖတ်ကြားပေးခဲ့ကြောင်းသိရသည်။
(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား၌ ရှမ်းပြည် နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်မှူးဗိုလ်ချုပ်ကျော်နိုင်ဦး နှင့် အစိုးရဌာနမှ ဌာနဆိုင်ရာအသီးသီးရှိ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဂုဏ်ပြုတပ်ဖွဲ့ဝင်များ၊ ဘင်ခရာတပ်ဖွဲ့များ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ ဖိတ်ကြားထားသော တာဝန်ရှိပုဂ္ဂိုလ်များက တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
Email – niyomedia839@gmail.com
#နီယိုသတင်းဌာန
#niyomedia
Tiktok- https://www.tiktok.com/@niyomedia01?is_from_webapp=1…
website – https://blackkaung.xyz/
Telegram – https://t.me/niyomedia
YouTube – https://www.youtube.com/@niyomedia14





NIYO Media သည် အချက်အလက် တိကျမှုကို အလေးထားပါသည်။ ဤသတင်းတွင် အမှားတစ်စုံတစ်ရာ တွေ့ရှိပါက ">ကျွန်ုပ်တို့ထံ အကြောင်းကြားပါ — စစ်ဆေးပြီး ပြင်ဆင်ပေးပါမည်။







