သတ္တမအကြိမ် ပအိုဝ်းအမျိုးသားညီလာခံတွင် ပအိုဝ်းဒေသ ပညာရေး၊ စီးပွားရေးကဏ္ဍအပါအဝင် ညီလာခံရှေ့လုပ်ငန်းစဉ် (၉)ရပ် ချမှတ်အတည်ပြု

ပြည်တွင်း
Niyo Media ဖတ်ရန် ၃ မိနစ်

photo 2025 09 27 15 59 05

photo 2025 09 27 15 59 16

photo 2025 09 27 15 59 13

စက်တင်ဘာလ ၂၆ ရက်၊ ၂၀၂၅၊ တောင်ကြီး

သတ္တမအကြိမ် ပအိုဝ်းအမျိုးသားညီလာခံကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို၊ ကံကြီးရပ်ကွက်၊ ပအိုဝ်းအမျိုးသားဘက်စုံဖွံဖြိုးတိုးတက်ရေး(ဒဲဉ်သီးဗွေ)ခန်းခ၌ စက်တင်ဘာလ ၂၅ ရက်နှင့် ၂၆ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ဒီကနေ့တွင်စက်တင်ဘာလ ၂၆ရက်နေ့ တွင် ညီလာခံ ဒုတိယနေ့ကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ သတ္တမအကြိမ် ပအိုဝ်းအမျိုးသား ညီလာခံတွင် ပအိုဝ်းတစ်မျိုးသားလုံးကို ကိုယ်စားပြုလွမ်းခြုံနိုင်သော အဖွဲအစည်းပေါင်းစုံ၊ အလွှာပေါင်းစုံ၊ နယ်ပယ်ပေါင်းစုံ၊ ဒေသပေါင်းစုံမှ ညီလာခံကိုယ်စားလှယ်ပေါင်း (၆၀၀)နီးပါး တက်ရောက်ခဲ့ပြီး ညီလာခံတွင် ၂၀၁၅ ခုနှစ်မှ ၂ဝ၂၅ ခုနှစ်အထိ ပအိုဝ်းအမျိုးသားများ ဆောင်ရွက်ခဲ့သော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေးနှင့် အထွေထွေကိစ္စရပ်များကို အစီရင်ခံစာ တင်သွင်းခြင်း၊ ၂၀၂၅ ခုနှစ်မှ ၂၀၃၀ ခုနှစ်အထိ တာဝန်ထမ်းဆောင်မည့် ပအိုဝ်းအမျိုးသားအဖွဲချုပ်(PNO)ပါတီ၏ ဗဟိုကော်မတီ၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ တိုကို ရွေးချယ်တင်မြှောက်ခြင်း၊ ပအိုဝ်းအမျိုးသားအဖွဲချုပ်(PNO) ပါတီအနေဖြင့် ၂၀၂၅ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်(၂၉)နယ်နှင့် လွှတ်တော်ကိုယ်စားလှယ်လောင်း(၅၁)ဦးတိုကို အတည်ပြုခြင်းနှင့် ညီလာခံရှေ့လုပ်ငန်းစဉ် ချမှတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

photo 2025 09 27 15 59 08
သတ္တမအကြိမ် ပအိုဝ်းအမျိုးသားညီလာခံမှ ချမှတ်သော ရှေ့လုပ်ငန်းစဉ်များ –
(၁) ဒေသငြိမ်းချမ်းရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးအတွက် အလေးထား ဆောင်ရွက်သွားမည်။
(၂) လူမျိုးဘာသာမရွေး လူသားများအားလုံး ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး၊ တိုင်းရင်းသားများ ရင်းနှီးချစ်ကြည်ရေးနှင့် စည်းလုံးညီညွတ်ရေး အတွက် အလေးထား ဆောင်ရွက်သွားမည်။
(၃) ပြည်သူလူထု လုံခြုံမှုရှိရေး၊ ကျန်းမာရေး၊ ပညာရည်မြင့်မားရေးနှင့် လူမှုစီးပွား မြင့်မားရေးအတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည်။
(၄) လူငယ်များ သင့်လျော်သည့် အလုပ်အကိုင်ရရှိရေးနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြင့် နည်းပညာကို အခြေခံသော စီးပွားရေးလုပ်ငန်းများ အားကောင်းလာရေးအတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည်။
(၅) ဒေသဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများကို အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည်။
(၆) ပအိုဝ်းလူမျိုး၏ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ၊ သမိုင်းအမွေအနှစ်များနှင့် အခွင့်အရေးများအားလုံးကို အလေးထား ကာကွယ်စောင့်ရှောက်မြှင့်တင်သွား မည်။
(၇) ပအိုဝ်းလူမျိုးတို၏ ဂုဏ်အင်္ဂါရပ်များနှင့် လျော်ညီသည့် ရပိုင်ခွင့်နှင့် လုပ်ပိုင်ခွင့် များ ရရှိအောင် ဥပဒေနှင့်အညီ အလေးထား ဆောင်ရွက်သွားမည်။
(၈) အထူးဒေသ(၆)အတွင်းရှိ တိုင်းရင်းသားပြည်သူများ၏ လူမှုဘဝလုံခြုံ အေးချမ်းရေးအတွက် စည်းရုံးရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေးလုပ်ငန်းများကို အလေးထား ဆောင်ရွက်သွားမည်။
(၉) အထူးဒေသ(၆)နှင့် ပအိုဝ်းလူမျိုးများ နေထိုင်ရာဒေသ ပေါ်လွင်ထင်ရှားမှု ရှိစေရန် ကြိုးပမ်းဆောင်ရွက်သွားမည်” ဟု ထုတ်ပြန်ထားကြောင်းသိရသည်။

photo 2025 09 27 15 59 13

photo 2025 09 27 15 59 11

photo 2025 09 27 15 59 05

photo 2025 09 27 15 59 03

NIYO Media သည် အချက်အလက် တိကျမှုကို အလေးထားပါသည်။ ဤသတင်းတွင် အမှားတစ်စုံတစ်ရာ တွေ့ရှိပါက ">ကျွန်ုပ်တို့ထံ အကြောင်းကြားပါ — စစ်ဆေးပြီး ပြင်ဆင်ပေးပါမည်။

ဤသတင်းကို မျှဝေရန်