လေပြင်းတိုက်ခိုက်မှုကြောင့် ညောင်ပင်ကြီး အိမ်ပေါ်ကျိုးကျပြီး ကလေးငယ်တစ်ဦးကွယ်လွန်
ပြည်တွင်းဩဂုတ် (၄)ရက်၊ ၂၀၂၅


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ ဝါးတောလမ်းထဲမှာရှိတဲ့ နတ်စင်ညောင်ပင်ကြီးသည် ၂၀၂၅ခုနှစ်၊ ဇူလိုင်(၃၁)ရက်နေ့ ညနေ (၄)နာရီအချိန်မှာ လေပြင်းတိုက်ခိုက်တာကြောင့် ညောင်ပင်ကြီးကျိုးကျ၍ တစ်နှစ်နဲ့လေးလ ကလေးငယ်တစ်ဦးကွယ်လွန်ခဲ့ပြီး ကလေးဖခင်က လက်ကျိုးကာ ဦးခေါင်းတွင်လည်း ဒဏ်ရာရရှိခဲ့လို့သိရပါသည် ။

နတ်စင်ညောင်ပင်ကြီးသည် သက်တမ်းကြာမြင့်နေပြီဖြစ်တာကြောင့် လေပြင်းတိုက်ခိုက်ပြီး ကျိုးကျခဲ့ခြင်းဖြစ်ကြောင်းသိရပါသည် ။

Khun Tha Sar
NIYO Media သည် အချက်အလက် တိကျမှုကို အလေးထားပါသည်။ ဤသတင်းတွင် အမှားတစ်စုံတစ်ရာ တွေ့ရှိပါက ">ကျွန်ုပ်တို့ထံ အကြောင်းကြားပါ — စစ်ဆေးပြီး ပြင်ဆင်ပေးပါမည်။







