2026 AFC U-17 အာရှဖလား ခြေစစ်ပွဲမှာ ခြေစွမ်းပြနေတဲ့ ပအိုဝ်းတိုင်းရင်းသား ကျောနံပါတ်(၁၅) ခွန်ဝင်းဇော်

အားကစား
Niyo Media ဖတ်ရန် ၁ မိနစ်

photo 2025 11 23 15 43 30
နိုဝင်ဘာ (၂၃)ရက်၊ ၂၀၂၅
ခွန်ဝင်းဇော်သည် လက်ရှိကျင်းပနေတဲ့ 2026 AFC U-17 အမျိုးသားဘောလုံးပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်အဖြစ် ရွေးချယ်ခံရပြီး နိုဝင်ဘာ (၂၂)ရက်နေ့ အဖဂန်နစ္စတန်အသင်းကို အနိုင်ရရှိခဲ့သော ပွဲဦးထွက်မှာ ပအိုဝ်းတိုင်းရင်းသားဖြစ်သူ ခွန်ဝင်းဇော်ဟာ ပွဲချိန်ပြည့် ပါဝင်ကစားကာ ခြေစွမ်းပြနိုင်ခဲ့ကြောင်းသိရပါသည်။
photo 2025 11 23 15 43 32
ကျောနံပါတ်(၁၅)အဖြစ် ညာနောက်ခံလူနေရာမှာ ပါဝင်ကစားပြီး ကွင်းလယ်နှင့်တိုက်စစ်အတွက်လည်း အချိတ်အဆက်မိမိ ကစားနိုင်ခဲ့ပါတယ် ခွန်ဝင်းဇော်သည် ရပ်စောက်မြို့နယ်၊ ဆတ်သေကျေးရွာ ဇာတိဖြစ်ပြီး မန္တလေး လူငယ်ဘောလုံးအကယ်ဒမီမှ ထွက်ပေါ်လာသည့် U-17 လက်ရွေးစင်တစ်ဦးဖြစ်ကြောင်းသိရပါသည်။
photo 2025 11 23 15 43 27
လာမည့် နိုဝင်ဘာ (၂၄)ရက်နေ့ ညနေ (၄)နာရီအချိန်မှာ မြန်မာ U-17ဟာ နီပေါ U-17 အသင်းနှင့် ဒုတိယမြောက် ပွဲအဖြစ် ဆက်လက်ယှဉ်ပြိုင်ကစားရမှာဖြစ်ကြောင်းသိရပါသည်။
photo 2025 11 23 15 43 29
Email – niyomedia839@gmail.com
#နီယိုသတင်းဌာန
#niyomedia
Tiktok- https://www.tiktok.com/@niyomedia01?is_from_webapp=1…
website – https://blackkaung.xyz/
Telegram – https://t.me/niyomedia
YouTube – https://www.youtube.com/@niyomedia14
နီယိုမီဒီယာ သတင်းဌာန

NIYO Media သည် အချက်အလက် တိကျမှုကို အလေးထားပါသည်။ ဤသတင်းတွင် အမှားတစ်စုံတစ်ရာ တွေ့ရှိပါက ">ကျွန်ုပ်တို့ထံ အကြောင်းကြားပါ — စစ်ဆေးပြီး ပြင်ဆင်ပေးပါမည်။

ဤသတင်းကို မျှဝေရန်