ပအိုဝ်းအမျိုးသားတပ်မတော် (PNA )ဆေးတပ်ဖွဲမှမိဘပြည်သူများ၏ကျန်းမာရေးအတွက်အခမဲ့ဆေးကုသပေး
ကျန်းမာရေး






စက်တင်ဘာ ၁၆ရက်၊ ၂၀၂၅ခုနှစ်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြိုနယ်
လဲင်းတနျာကျေးရွာအုပ်စု ထီဗိဘုန်းတော်ကြီးကျောင်းတွင် စက်တင်ဘာ၁၅ရက်နေ့ တနင်္လာနေ့တွင် ပအိုဝ်းအမျိုးသား တပ်မတော်(PNA)ဆေးတပ်ဖွဲမှ ဒေသခံမိဘပြည်သူများ၏ ကျန်းမာရေးအတွက် အခမဲ့ဆေးစစ်ကုသပေးခဲ့ကြောင်း သိရှိရပါတယ်။ ကျန်းမာရေးအတွက်လာရောက်ပြသသော ကျေးရွာများမှာ ထီဗိရွာ၊ တခါးယဉ်ရွာ၊ ဟမ်သဲင်ရွာ၊ တောင်ဗာရွာ၊ လဲင်းတနျာရွာ၊ တတောက်ရွာ၊ ညောင်မွူးရွာ၊ လဲင်းပရွာနှင့်၊ ဟံတနျာရွာ ရွာပေါင်း(၉)ရွာမှ မိဘပြည်သူများ အယောက်ပေါင်း(၄၀၀) ကျော် ကျန်မားရေးအတွက် လာရောက်ပြသကြောင်း ပအိုဝ်းအမျိုးသားတပ်မတော်၏ ဆေးတပ်ဖွဲတာဝန်ခံဗိုလ်မူးခွန်ရာဇာထံသိရှိရပါတယ်။






NIYO Media သည် အချက်အလက် တိကျမှုကို အလေးထားပါသည်။ ဤသတင်းတွင် အမှားတစ်စုံတစ်ရာ တွေ့ရှိပါက ">ကျွန်ုပ်တို့ထံ အကြောင်းကြားပါ — စစ်ဆေးပြီး ပြင်ဆင်ပေးပါမည်။







