ဖာမွန်းလမ်းခွဲမှာယာဉ်တိုက်မှုဖြစ်ပွါးပြီး ဆိုင်ကယ်သမားဒဏ်ရာပြင်းထန်ရ
မှုခင်း


စက်တင်ဘာလ (၂)၊၂၀၂၅။
ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြ်ို့နယ်၊ဖာမွန်းကျေးရွာအုပ်စု၊လွယ်ကောင်းရွာသစ်၊ကျောက်တလုံးလမ်းမကြီး ဖာမွန်းလမ်းခွဲမှာ Hijetကားနဲ့ ဆိုင်ကယ်ယာဉ်တိုက်မှုဖြစ်ပွါးခဲ့ကြောင်းသိရပါသည်။
ဖြစ်စဉ်မှာ ဆိုင်ကယ်သမားခါးရိုးနဲ့တင်ပါးဆုံရိုးထိခိုက်ဒဏ်ရာရရှိပြီး ကြက်ခြေနီအရေးပေါ်ယာဉ်ဖြင့်စပ်စံထွန်းဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရပါသည်။

ယာဉ်မတော်တဆဖြစ်ပွါးမှု ခနခနဖြစ်တတ်တဲ့နေရာမို့ လမ်းမကြီးပေါ်တက်လာသည်ဖြစ်စေ လမ်းကွေ့လမ်းကူးသည်ဖြစ်စေ သေချာကြည့်ပြီး အရှိန်လျော့မောင်းနှင်ကြပါလို့ ဒေသခံတစ်ဦးကပြောပါသည်။


NIYO Media သည် အချက်အလက် တိကျမှုကို အလေးထားပါသည်။ ဤသတင်းတွင် အမှားတစ်စုံတစ်ရာ တွေ့ရှိပါက ">ကျွန်ုပ်တို့ထံ အကြောင်းကြားပါ — စစ်ဆေးပြီး ပြင်ဆင်ပေးပါမည်။







