သုတစုံလင် ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲ အလယ်တန်းအဆင့် ပထမဆုရှင် မအိမ့်ချစ်သူနှင့် ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်

ပညာရေး
Niyo Media ဖတ်ရန် ၃ မိနစ်

သုတစုံလင် ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲ အလယ်တန်းအဆင့် ပထမဆုရှင် မအိမ့်ချစ်သူနှင့် ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်
သုတစုံလင် ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲ အလယ်တန်းအဆင့် ပထမဆုရှင် မအိမ့်ချစ်သူနှင့် ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်

ဇွန်လ ၆ ရက်၊ ၂၀၂၆ ခုနှစ်
တေရသမအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင် ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲ အလယ်တန်းအဆင့်တွင် ဗုဒ္ဓဝံသဝိသာရဒဘွဲ့၊ ဗုဒ္ဓဝံသသုကုမာရီဘွဲ့၊ ဗုဒ္ဓဝံသဗဟုဿုတဓရဘွဲ့များ ရရှိကာ မြန်မာနိုင်ငံလုံးဆိုင်ရာ ပထမ (Winner) ဆု ဆွတ်ခူးနိုင်ခဲ့သော ရှမ်းပြည်နယ်ကိုယ်စားပြု အေးမြကရုဏာဓမ္မစကူးလ်မှ မအိမ့်ချစ်သူနှင့် ဆုရကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ဇွန်လ ၆ ရက်နေ့ မွန်းလွဲ ၃ နာရီတွင် တောင်ကြီးမြို့ရှိ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
သုတစုံလင် ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲ အလယ်တန်းအဆင့် ပထမဆုရှင် မအိမ့်ချစ်သူနှင့် ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့် သုတစုံလင် ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲ အလယ်တန်းအဆင့် ပထမဆုရှင် မအိမ့်ချစ်သူနှင့် ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့် သုတစုံလင် ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲ အလယ်တန်းအဆင့် ပထမဆုရှင် မအိမ့်ချစ်သူနှင့် ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်
အခမ်းအနားတွင် သုတစုံလင်ဗုဒ္ဓဝင် ဒုတိယဥက္ကဋ္ဌဆရာတော်မှ သြဝါဒမိန့်ကြားခဲ့ပြီး၊ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက ဂုဏ်ပြုဝမ်းမြောက်စကား ပြောကြားခဲ့သည်။

သုတစုံလင် ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲ အလယ်တန်းအဆင့် ပထမဆုရှင် မအိမ့်ချစ်သူနှင့် ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့် သုတစုံလင် ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲ အလယ်တန်းအဆင့် ပထမဆုရှင် မအိမ့်ချစ်သူနှင့် ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်
ထို့နောက် ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးစံလင်းက ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ ပြည်နယ်အဆင့် အောင်မြင်သူများ၊ ဗုဒ္ဓဝံသဝိသာရဒဘွဲ့ရများနှင့် ဆုရရှိသူများအား တာဝန်ရှိသူများက အသီးသီး ဆုများချီးမြှင့်ခဲ့ကြသည်။

သုတစုံလင် ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲ အလယ်တန်းအဆင့် ပထမဆုရှင် မအိမ့်ချစ်သူနှင့် ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့် သုတစုံလင် ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲ အလယ်တန်းအဆင့် ပထမဆုရှင် မအိမ့်ချစ်သူနှင့် ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်
အထူးသဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အလယ်တန်းအဆင့် ပထမဆုရှင် မအိမ့်ချစ်သူအား ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ YMBA (ဗဟို) ဗုဒ္ဓကလျာဏယုဝအသင်းနှင့် ကျင်းပရေးကော်မတီတို့က ဂုဏ်ပြုဆုများ၊ ဂုဏ်ပြုလွှာများနှင့် ဒိုင်းဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

သုတစုံလင် ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲ အလယ်တန်းအဆင့် ပထမဆုရှင် မအိမ့်ချစ်သူနှင့် ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အလယ်တန်းအဆင့် ပထမဆုရှင် မအိမ့်ချစ်သူအား ငွေကျပ် (၁၀,၀၀၀,၀၀၀)၊ စတုတ္ထဆုရှင် မောင်သူရိန်လင်းအား ငွေကျပ် (၁,၀၀၀,၀၀၀)၊ ပြည်နယ်အဆင့် ဖြေဆိုအောင်မြင်သူ (၁၁)ဦးအား ငွေကျပ် (၂,၂၀၀,၀၀၀)၊ ပါဝင်ဖြေဆိုသူ (၅၂)ဦးအား ငွေကျပ် (၅,၄၀၀,၀၀၀) တို့ကို ချီးမြှင့်ခဲ့ပြီး စုစုပေါင်း ငွေကျပ် (၁၈,၆၀၀,၀၀၀) ချီးမြှင့်ပေးအပ်ခဲ့သည်။

သုတစုံလင် ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲ အလယ်တန်းအဆင့် ပထမဆုရှင် မအိမ့်ချစ်သူနှင့် ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်
ထို့နောက် ပြည်နယ်လွှတ်တော်မှ အလယ်တန်းအဆင့် ပထမဆုရှင် မအိမ့်ချစ်သူအား ငွေကျပ် (၄,၅၀၀,၀၀၀) ချီးမြှင့်ခဲ့သည်။ သုတစုံလင်ကျင်းပရေးကော်မတီမှလည်း မအိမ့်ချစ်သူအား ငွေသားဆု ငွေကျပ် (၁၅,၀၀၀,၀၀၀)၊ Laptop (၁)လုံး၊ စာအုပ် (၅၆)အုပ်နှင့် ဆိုင်ကယ် (၁)စီးတို့ကို ဂုဏ်ပြုချီးမြှင့်ခဲ့သည်။

သုတစုံလင် ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲ အလယ်တန်းအဆင့် ပထမဆုရှင် မအိမ့်ချစ်သူနှင့် ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်
ထို့အပြင် ဖြေဆိုသူအားလုံးအတွက် ငွေကျပ် (၁၂,၂၀၀,၀၀၀)၊ ဆရာတော် သံဃာတော်များအား လှူဒါန်းငွေ ကျပ် (၁,၅၀၀,၀၀၀)၊ သီလရှင်ဆရာလေးများအား လှူဒါန်းငွေ ကျပ် (၁,၅၀၀,၀၀၀) စုစုပေါင်း ငွေကျပ် (၂၉,၈၀၀,၀၀၀) ချီးမြှင့်လှူဒါန်းခဲ့သည်။

သုတစုံလင် ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲ အလယ်တန်းအဆင့် ပထမဆုရှင် မအိမ့်ချစ်သူနှင့် ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်
အလားတူ ပြည်နယ်အဆင့်ဌာနဆိုင်ရာများမှလည်း ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ငွေကျပ် (၁၇,၆၁၁,၅၀၀) ကို ပါဝင်လှူဒါန်းခဲ့ကြသည်။ထို့ပြင် မအိမ့်ချစ်သူအား ဗုဒ္ဓစာပေများ သင်ကြားပြသပေးခဲ့သော သီလရှင်ဆရာကြီး ဒေါ်ကေသရဉာဏီအား ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ခဲ့ပြီး ပထမဆုရှင်၏ ဖြေဆိုယှဉ်ပြိုင်ခဲ့ပုံများကို Video Clip ဖြင့် ပြသကာ ရတုတေးထပ်များဖြင့်လည်း ဂုဏ်ပြုခဲ့ကြသည်။

သုတစုံလင် ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲ အလယ်တန်းအဆင့် ပထမဆုရှင် မအိမ့်ချစ်သူနှင့် ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်
အခမ်းအနားအပြီးတွင် ဆုရကျောင်းသား၊ ကျောင်းသူများက ဆရာတော်ကြီးများအား ဂါရဝပြု ကန်တော့ခဲ့ကြပြီး တက်ရောက်လာသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးကာ “ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု” သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သုတစုံလင် ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲ အလယ်တန်းအဆင့် ပထမဆုရှင် မအိမ့်ချစ်သူနှင့် ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့် သုတစုံလင် ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲ အလယ်တန်းအဆင့် ပထမဆုရှင် မအိမ့်ချစ်သူနှင့် ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်

NIYO Media သည် အချက်အလက် တိကျမှုကို အလေးထားပါသည်။ ဤသတင်းတွင် အမှားတစ်စုံတစ်ရာ တွေ့ရှိပါက ">ကျွန်ုပ်တို့ထံ အကြောင်းကြားပါ — စစ်ဆေးပြီး ပြင်ဆင်ပေးပါမည်။

ဤသတင်းကို မျှဝေရန်