ပင်လုံမြို့ (၅၈)ကြိမ်မြောက် အစိုးရပါဠိပထမပြန်စာမေးပွဲ အောင်မြင်တော်မူသော သံဃာတော် များအား (စူဠဆုဘွဲ့နှင်းသဘင်) အောင်လက်မှတ် နဝကမ္မဝတ္ထုဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားအစီအစဉ်ကျင်းပ

ပညာရေး
Niyo Media ဖတ်ရန် ၂ မိနစ်

ပင်လုံမြို့ (၅၈)ကြိမ်မြောက် အစိုးရပါဠိပထမပြန်စာမေးပွဲ အောင်မြင်တော်မူသော သံဃာတော် များအား (စူဠဆုဘွဲ့နှင်းသဘင်) အောင်လက်မှတ် န

ဧပြီလ ၄ ရက်၊ ၂၀၂၆-ခုနှစ်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လုံမြို့တွင် သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသော ၂၀၂၅ခုနှစ် (၅၈)ကြိမ်မြောက် အစိုးရပါဠိပထမပြန်စာမေးပွဲ အောင်မြင်တော်မူသော သံဃာတော် များအား (စူဠဆုဘွဲ့နှင်းသဘင်)အောင်လက်မှတ် နဝကမ္မဝတ္ထုဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို သာသနာတော်နှစ်- ၂၅၆၉ ၊ ကောဇာသက္ကရာဇ် ၁၃၈၇ခုနှစ် ၊ နှောင်းတန်ခူးလဆုတ်(၃)ရက်၊ (၄.၄.၂ဝ၂၆) စနေနေ့ နံနက်(၉:ဝဝ)နာရီ မဟာရဋ္ဌာဘိသာမဂ္ဂီစေတီတော်မြတ် ဘာသန့လှိုဏ်ဂူတော်အတွင်းမှာ ကျင်းပခဲ့ကြောင်းသိရပါသည်။
ပင်လုံမြို့ (၅၈)ကြိမ်မြောက် အစိုးရပါဠိပထမပြန်စာမေးပွဲ အောင်မြင်တော်မူသော သံဃာတော် များအား (စူဠဆုဘွဲ့နှင်းသဘင်) အောင်လက်မှတ် န
အစီစဥ်ပထမပိုင်းမှာ ဆရာ နှင့် ဒကာ နမောတဿ(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားစတင်ဖွင့်လှစ်ပြီး တရားနာပရိတ်သတ်များမှ ရတနာမြတ်သုံးပါးကို ကန်တော့၍ ပင်လုံမြို့ပညာဘူမိကျောင်းဆရာတော် ဘဒ္ဒန္တ ဝရသာမိ ဆရာတော်မြတ်ဘုရားထံ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြောင်းသိရပါသည်။
ပင်လုံမြို့ (၅၈)ကြိမ်မြောက် အစိုးရပါဠိပထမပြန်စာမေးပွဲ အောင်မြင်တော်မူသော သံဃာတော် များအား (စူဠဆုဘွဲ့နှင်းသဘင်) အောင်လက်မှတ် န
ဆက်လက်ပြီး အလှူရှင်များမှ (၅၈)ကြိမ်မြောက် ပါဠိပထမပြန်စာမေးပွဲတွင် အောင်မြင်တော်မူသောစာအောင်သံဃာ တော်များအား အောင်လက်မှတ် နှင့် နဝကမ္မဝတ္ထုဆက်ကပ်လှူဒါန်းခဲ့ပြီး ပင်လုံမြို့ပညာဘူမိကျောင်းဆရာတော်ဘဒ္ဒန္တ ဝရသာမိ ထံ အနုမောဒနာတရားတော်နာယူခဲ့ကြောင်းသိရပါသည်။
ပင်လုံမြို့ (၅၈)ကြိမ်မြောက် အစိုးရပါဠိပထမပြန်စာမေးပွဲ အောင်မြင်တော်မူသော သံဃာတော် များအား (စူဠဆုဘွဲ့နှင်းသဘင်) အောင်လက်မှတ် န
တရားတော်နာယူပြီးနောက် ဆွမ်းအလှူရှင် နှင့် ဖျော်ရည်အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ချီးမြှင့်ခဲ့ပြီး အစိုးရပါဠိပထမပြန်စာမေးပွဲ ပွဲဖြစ်မြောက်ရေး ဒု – ဥက္ကဌ ဦးစိုင်းမွန်း မှကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။
နောက်ဆုံးမှာ ဆရာနှင့်တကာ ဗုဒ္ဓ သာသနံ စိရံတိဋ္ဌတု(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနား ပြီး မြောက် အောင်မြင်ကြောင်း ကြေငြာခဲ့ပါသည်။
ပင်လုံမြို့ (၅၈)ကြိမ်မြောက် အစိုးရပါဠိပထမပြန်စာမေးပွဲ အောင်မြင်တော်မူသော သံဃာတော် များအား (စူဠဆုဘွဲ့နှင်းသဘင်) အောင်လက်မှတ် န
၂၀၂၅ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ အောင်မြင်တော်မူသော သံဃာတော်များမှာ ပထမကြီးတန်းအောင်(၃)ပါး ၊ပထမငယ်တန်းအောင်(၈) ပါး၊ အခြေပြုမူလတန်းအောင်(၃၆) ပါး ရှိကြောင်းသိရပါသည်။
(၅၈)ကြိမ်မြောက် အစိုးရပါဠိပထမပြန်စာမေးပွဲ အောင်မြင်တော်မူသော သံဃာတော် များအား (စူဠဆုဘွဲ့နှင်းသဘင်)အောင်လက်မှတ် နဝကမ္မဝတ္ထုဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားအစီအစဉ်ကို မြို့နယ်သံဃနာယက ဥက္ကဋ္ဌ နောင်ကွတ်ကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တပညာဗလ၊ ပညာဘူမိကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝရသာမိ ၊လွိုင်လင်မြို့နယ်ခရိုင်အုပ်ချုပ်ရေးမှူးဦးကြည်မြင့် ၊ သံဃာတော်များ၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ တပ်ရင်းတာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ လှုမှုရေးဆိုင်ရာအသင်းအဖွဲ့ များနှင့် သာသနာရေးဆိုင်ရာအသင်းအဖွဲ့ များ၊ပအိုဝ်းစာပေနှင့်ယဥ်ကျေးမှုအဖွဲ့၊ ရှမ်းစာပေနှင့်ယဥ်ကျေးမှုအဖွဲ့၊ တောင်ရိုးစာပေနှင့်ယှဥ်ကျေးမှုအဖွဲ့ တက်ရောက်ခဲ့ကြောင်းသိရပါသည်။
ပင်လုံမြို့ (၅၈)ကြိမ်မြောက် အစိုးရပါဠိပထမပြန်စာမေးပွဲ အောင်မြင်တော်မူသော သံဃာတော် များအား (စူဠဆုဘွဲ့နှင်းသဘင်) အောင်လက်မှတ် န

ပင်လုံမြို့ (၅၈)ကြိမ်မြောက် အစိုးရပါဠိပထမပြန်စာမေးပွဲ အောင်မြင်တော်မူသော သံဃာတော် များအား (စူဠဆုဘွဲ့နှင်းသဘင်) အောင်လက်မှတ် န

NIYO Media သည် အချက်အလက် တိကျမှုကို အလေးထားပါသည်။ ဤသတင်းတွင် အမှားတစ်စုံတစ်ရာ တွေ့ရှိပါက ">ကျွန်ုပ်တို့ထံ အကြောင်းကြားပါ — စစ်ဆေးပြီး ပြင်ဆင်ပေးပါမည်။

ဤသတင်းကို မျှဝေရန်