မွေတော်က္ကူဘုရားတွင် ဘုရားဖူးဧည့်သည်များ အရင်လထက် လျော့နည်းလာ

ဘာသာရေး
Niyo Media ဖတ်ရန် ၂ မိနစ်

ဧပြီလ ၂ရက်၊ ၂၀၂၆ ခုနှစ်၊
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ မွေတော်ကက္ကူကျေးရွာရှိ မွေတော်က္ကူဘုရား တွင် ယခုလအတွင်း ဘုရားဖူးဧည့်သည်များ အရင်လနှင့်နှိုင်းယှဉ်လျှင် လျော့နည်းလာကြောင်း ဒေသခံများနှင့် ဂေါပကအဖွဲ့ထံမှ သိရသည်။
မွေတော်က္ကူဘုရားတွင် ဘုရားဖူးဧည့်သည်များ အရင်လထက် လျော့နည်းလာ
ယခင်လများတွင် ပြည်တွင်းနှင့် ပြည်ပဘုရားဖူးဧည့်သည်များ အများအပြား လာရောက်ဖူးမြော်ကြသော်လည်း ယခုလ ၃လပိုင်း တလသာအတွင်းမှာ လာရောက်သူအရေအတွက် သိသာစွာ လျော့နည်းလာကြောင်း သိရသည်။
မွေတော်က္ကူဘုရားတွင် ဘုရားဖူးဧည့်သည်များ အရင်လထက် လျော့နည်းလာ
ဘုရားဖူးဧည့်သည်များ လျော့နည်းလာခြင်းသည် ဓာတ်ဆီစျေးနူန်းတွေက အဆမတန်စျေးနူန်းတက်နေခြင်းကြောင့်လားမသိဘူးပေါ့နော် နယ်ဘက်က ဘုရားဖူးဧည့်သည်များလဲ တဝက်လောက်ကို သိသိသာသာ လျော့နည်းလာတယ်လို့ ဒေသခံများနှင့်ဂေါပကအဖွဲ့ထံမှ ကြားသိရပါတယ်။
မွေတော်က္ကူဘုရားတွင် ဘုရားဖူးဧည့်သည်များ အရင်လထက် လျော့နည်းလာ
မွေတော်ကက္ကူဘုရားသည် များသောအားဖြင့် ဘုရားဖူးဧည့်သည်များတွေက ရန်ကုန် နှင့် မန္တလေးဘက်ကပိုများတယ် အခြားသော မွန် ကရင် ဧရာဝတီတိုင်း ပဲခူးတိုင်းစသည့်နယ်တွေဘက်ကလည်း လာရောက်ဖူးမြော်ကြတယ်လို့သိရပြီး၊ နိုင်ငံခြားသားတွေဖြင့်တဲ့ ရုရှား၊ စပိန်၊ ဂျာမနီ၊ဂျာမေကာ၊ ထိုင်း စသည့်နိုင်ငံများတွေလည်း လာရောက်ဖူးမြော်ကြပါတယ်လို့ သိရသည်။
မွေတော်က္ကူဘုရားတွင် ဘုရားဖူးဧည့်သည်များ အရင်လထက် လျော့နည်းလာ
ယခုနှစ်သည် ဧည့်သည်အရေအတွက် လျော့ နည်းလာခြင်းမှာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများ၊ ဒေသအခြေအနေများနှင့် စီးပွားရေးအခက်အခဲများ၊ ဓာတ်ဆီစျေးနူန်းမြှင့်တက်နေခြင်းများကြောင့် ဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်ပြောကြားသည်။
ထို့အပြင် ဘုရားဖူးဧည့်သည်များ လျော့နည်းလာခြင်းသည် ဒေသခံစျေးသည်များနှင့် အသေးစားစီးပွားရေးလုပ်ငန်းများအပေါ် ထိခိုက်မှုရှိနေကြောင်းလည်း သိရသည်။
မွေတော်က္ကူဘုရားတွင် ဘုရားဖူးဧည့်သည်များ အရင်လထက် လျော့နည်းလာ
မွေတော်က္ကူဘုရားသည် ဒေသတွင်း အထင်ကရ ဘုရားတော်တစ်ခုဖြစ်ပြီး ဘုရားဖူးဧည့်သည်များ ပြန်လည်တိုးလာရန် ဒေသခံများ မျှော်လင့်နေကြသည်။
မွေတော်က္ကူဘုရားတွင် ဘုရားဖူးဧည့်သည်များ အရင်လထက် လျော့နည်းလာ

NIYO Media သည် အချက်အလက် တိကျမှုကို အလေးထားပါသည်။ ဤသတင်းတွင် အမှားတစ်စုံတစ်ရာ တွေ့ရှိပါက ">ကျွန်ုပ်တို့ထံ အကြောင်းကြားပါ — စစ်ဆေးပြီး ပြင်ဆင်ပေးပါမည်။

ဤသတင်းကို မျှဝေရန်