ထီရီးရွာတွင် သတ္တမကြိမ်မြှောက် ပအိုဝ်းစာ​ပေ၊ သုဝဏ္ဏဘူမိဓမ္မစကူးလ်သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ပညာရေး
Niyo Media ဖတ်ရန် ၁ မိနစ်

ထီရီးရွာတွင် သတ္တမကြိမ်မြှောက် ပအိုဝ်းစာ​ပေ၊ သုဝဏ္ဏဘူမိဓမ္မစကူးလ်သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
ထီရီးရွာတွင် သတ္တမကြိမ်မြှောက် ပအိုဝ်းစာ​ပေ၊ သုဝဏ္ဏဘူမိဓမ္မစကူးလ်သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
မတ်လ (၃၁)ရက် ၊ ၂၀၂၆ခု နှစ်
အထူးဒေသ (၆)၊ရှမ်းပြည်နယ်တောင်ပိုင်း၊ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ပင်လောင်းမြို့နယ်၊နောင်တရားမြို့၊နမ်းပုလင်းကျေးရွာအုပ်စု၊ထီရီးရွာတွင် ပအို၀်းစာပေ၊ သုဝဏ္ဏဘူမိစကူးလ်သင်တန်းဆင်းပွဲကို နံနက် (၁၀)နာရီခွဲအချိန်တွင် ကျင်းပခဲ့ပြီး အခမ်းအနားကို ပအိုဝ်းအမျိုးသားအလံအားအလေးပြုခြင်းနှင့်အမျိုးသားသီချင်း သီဆိုခဲ့ကြပြီး ထီရီးကျောင်းဆရာတော် သုဝဏ္ဏ မှ အဖွင့်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။ ထီရီးရွာဥက္ကဌ ဖြားတန် ခွန်မောင်ကျောမှ လည်း လူငယ်များ လိမ္မာယဉ်ကျေးရေးနှင့် ဘာသာစာပေတိုးတက်မြင့်မားရေးတို့အပေါ် သိမြင်လာစေရန် ချီးမြင့်ပြောဆိုသွားခဲ့ကြောင်း သိရှိရပါသည်။
ထီရီးရွာတွင် သတ္တမကြိမ်မြှောက် ပအိုဝ်းစာ​ပေ၊ သုဝဏ္ဏဘူမိဓမ္မစကူးလ်သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ထီရီးရွာတွင် သတ္တမကြိမ်မြှောက် ပအိုဝ်းစာ​ပေ၊ သုဝဏ္ဏဘူမိဓမ္မစကူးလ်သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
ဆက်လက်၍ ထီရီးကျောင်း ဆရာတော်နှင့် တာဝန်ရှိပုဂ္ဂိုလ်များက ပအိုဝ်းစာပေဘာသာ အမျိုးအစားအလိုက် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကိုဆုပေးအပ်ခြင်းနှင့်၊ ပအိုဝ်းစာပေနှင့် သုဝဏ္ဏဘူမိဓ္ဓမစကူးသင်တန်းကိုသင်ကြားပေးသော ဆရာ၊ ဆရာမများကိုလည်းပြန်လည်ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်းသိရသည်။ ထို့အပြင် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကိုလည်း ဆုချီးမြှင့်ပေးခဲ့ကြောင်း သိရှိရပါသည်။
ထီရီးရွာတွင် သတ္တမကြိမ်မြှောက် ပအိုဝ်းစာ​ပေ၊ သုဝဏ္ဏဘူမိဓမ္မစကူးလ်သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
ထို့နောက် ဖျော်ဖြေရေးအစီအစဉ်များကို ဆက်လက်ကျင်းပခဲ့ပြီး၊ အခမ်းအနားကို ရဟန်းသံဃာတော်များ၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
ထီရီးရွာတွင် သတ္တမကြိမ်မြှောက် ပအိုဝ်းစာ​ပေ၊ သုဝဏ္ဏဘူမိဓမ္မစကူးလ်သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

NIYO Media သည် အချက်အလက် တိကျမှုကို အလေးထားပါသည်။ ဤသတင်းတွင် အမှားတစ်စုံတစ်ရာ တွေ့ရှိပါက ">ကျွန်ုပ်တို့ထံ အကြောင်းကြားပါ — စစ်ဆေးပြီး ပြင်ဆင်ပေးပါမည်။

ဤသတင်းကို မျှဝေရန်