ဆီဆိုင်မြို့နယ်၊ ပါလောပါကယ်ကျေးရွာအုပ်စု၊ လွယ်ဆန်ဆစ်ကျေးရွာတွင် နှစ်သစ်ကူးအထိမ်းအမှတ်ဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ
အားကစားမတ်လ ၂၇ရက်၊ ၂၀၂၆-ခုနှစ်
အထူးဒေသ(၆)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ပါလောပါကယ်ကျေးရွာ အုပ်စု၊ လွယ်ဆန်ဆစ်ကျေးရွာ၌ နှစ်သစ်ကူးအထိမ်းအမှတ်ဖလား ဘောလုံးပြိုင်ပွဲ ကို ယနေ့ မတ်လ ၂၇ ရက်၂၀၂၆-ခုနှစ် နံနက် ၁၀ အချိန်တွင်ဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့ပါသည်။

ဖွင့်ပွဲအခမ်းအနားတွင် ဘောလုံးကွင်းအတွင်းသို့ အားကစားသမားများ ဝင်ရောက်နေရာယူခဲ့ကြပြီး နိုင်ငံတော်အလံ နှင့် ပအိုဝ်းအမျိုးသားအလံ အလေးပြုခြင်းနှင့် ပအိုဝ်းအမျိုးသား သီချင်းသီဆိုခဲ့ပြီးနောက် ပြိုင်ပွဲကျင်းပရေးကော်မတီ ဥက္ကဌ ဖြားဆွိုင် မှအဖွင့်အမှာစကား ပြောကြားခြင်း၊ ဆီဆိုင်မြို့နယ် ပြည်နယ်လွတ်တော် ကိုယ်စားလှယ် ဖြားခွန်သန်းထွန်း မှ ဆက်လက်အမှာစကား တိုက်တွန်းပြောကြားပေးခြင်း၊ ဆီဆိုင်မြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဦးနှင့်ပါလောပါကယ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခွန်လှထွန်း တို့က ဆက်လက် အမှာစကားပြောကြားပေးခဲ့ပါသည်။



ဆက်လက်၍ ပြိုင်ပွဲကျင်းပရေးကော်မတီ အတွင်းရေးမှူး ဦးခွန်ထွန်းတစ် မှ ပြိုင်ပွဲစည်း ကမ်းချက်များကို ဖတ်ကြားရှင်းလင်းတင်ပြ
ပေးခဲ့ပြီးနောက် အားကစားသမားများ အားက စားသစ္စာအဓိဌာန် ရွတ်ဆိုခဲ့ကြပြီး ဆီဆိုင်မြို့ နယ် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်အားကာမှူး ဦးဇော်ထွန်း မှ အား ကစားပစ္စည်းများကို ပြိုင်ပွဲကျင်းပရေး ကော်မ တီထံမှ ပေးအပ်ခဲ့ပါသည်။
ထို့နောက် အားကစားသမားများ ကွင်းအတွင်းမှပြန်လည်ထွက်ခွာပြီး ဖွင့်ပွဲတွင် ယှဥ်ပြိုင်ကစားမည့် လွယ်ဆန်ဆစ်အသင်းနှင့် ဖြီꩻဟန်ႏခါႏအသင်းတို့ ကွင်းအတွင်း နေရာယူခဲ့ကြကာ ဖိတ်ကြားထားသည့် အထူးဧည့်သည်တော်များနှင့် ပြိုင်ပွဲကျင်းပရေးကော်မတီ တို့မှ အားကစားသမားများအား လိုက်လံနုတ်ဆက်ခြင်း၊ ပအိုဝ်းလှပျိုမယ်များက အားကစားသမားများအား ပန်းစီးများပေးခြင်း၊ ပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဌ မှ ဘောလုံးကန်ပြီး ယှဥ်ပြိုင်ကစားစေခဲ့သည်။

အဆိုပါ လွယ်ဆန်ဆစ်အသင်းနှင့် ဖြီꩻဟန်ႏခါႏအသင်းတို့ ယှဥ်ပြိုင်ကစားရာမှာ လွယ်ဆန်ဆစ်အသင်းက (၄ – ၀)ဂိုး ဂိုးမရှိအနိုင်ရရှိပြီး ၎င်း
ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲနေ့တွင် ၆ ပွဲယှဥ်ပြိုင်ကစားခဲ့ကြပြီး မတ်လ ၂၈ ရက်မှစ၍ တစ်ရက်လျင် ၁၀ ပွဲ၊ ကွင်းနှစ်ကွင်းကစားသွားမှာ ဖြစ်ကြောင်း တစ်ကွင်းတွင် ၅ ပွဲစီယှဥ်ပြိုင်ကစားသွားမည်ဟု သိရသည်။


ထို ဘောလုံးအားကစားပြိုင်ပွဲသည် အငယ်တန်းအဆင့် အသင်းပေါင်း (၉၀)၊ အကြီးတန်းအဆင့် (၁၀)သင်း စုစုပေါင်း အသင်းပေါင်း(၁၀၀) ဝင်ရောက်ယှဥ်ပြိုင်ကစားသွားမည်ဖြစ်ပြီး က
ပထမဆုရ အကြီးတန်းအဆင့်ကို ကျပ်သိန်း (၅၀)၊ ဒုတိယဆု က ကျပ်သိန်း(၃၀)၊ အငယ်တန်းအဆင့်တွင် ပထမဆုကို ကျပ်သိန်း(၃၀)၊ ဒုတိယဆု က ကျပ်သိန်း(၂၀)စီဖြင့် ပြိုင်ပွဲကျင်းပရေးကော်မတီများက ဆုချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

NIYO Media သည် အချက်အလက် တိကျမှုကို အလေးထားပါသည်။ ဤသတင်းတွင် အမှားတစ်စုံတစ်ရာ တွေ့ရှိပါက ">ကျွန်ုပ်တို့ထံ အကြောင်းကြားပါ — စစ်ဆေးပြီး ပြင်ဆင်ပေးပါမည်။







