(၈၁)နှစ်မြောက် တပ်မတော်နေ့ကိုကြိုဆို ဂုဏ်ပြုသောအထိမ်းအမှတ်အနေဖြင့် ရွာတွင်းကွန် ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ
ပြည်တွင်းမတ်လ(၂၆)ရက်၊၂၀၂၆၊ တောင်ကြီး
အထူးဒေသ(၆)၊ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့နယ် ၊ကျောက်တလုံးကြီးမြို့၊နောင်ကားကျေးရွာအုပ်စု ၊ကုန်းသာရွာတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီး ဌာန(ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန)၊တောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၈၁)နှစ် မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရွာတွင်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်း အနားကို ယနေ့မနက် (၁၀)နာရီအချိန်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရှိရပါသည်။
အခမ်းအနားတွင် တောင်ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်နိုင်ဝင်းမှ ကွန်ကရစ်လမ်းနှင့်ပတ်သက်သည့် အချက်အလက်များက်ို ရှင်းလင်းတင်ပြပြီး ကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးဖြစ်သော ဦးခွန်ထွန်းဝေမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
ထို့နောက်ရှမ်းပြည်နယ်တောင်ပိုင်း ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဦးခွန်သူရအောင်၊ ကျောက်တလုံးကြီးမြို့ အုပ်ချုပ်ရေးမှူး ၊ ကျေးရွာရပ်မိရပ်ဖတစ်ဦးတို့မှ အခမ်းအနားအတွက် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး မှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ပြီးနောက် အခမ်းအနားရုတ်သိမ်းခဲ့ပါသည်။
ယနေ့ဖွင့်လှစ်သော ကုန်းသာ ကျေးရွာကွန်ကရစ်လမ်းသည် (၄၀၀’x ၁၂’x ၇”) ပေ (၇၀၀) အရှည်ဖြစ်ပြီး နိုင်ငံတော်မှ ထောက်ပံ့ငွေ (၁၅.၀၀)ကျပ်သန်းနှင့် ကျေးရွာတအတွင်းရှိ ပြည်သူများမှ ကိုယ်ထူကိုယ်ထငွေ(၁၉.၉၈) ကျပ်သန်း ဖြင့် ဆောက်လုပ်ပြီးစီးခဲ့ကြောင်း သိရှိရပါသည်။
အခမ်းအနားသို့ ပြည်နယ်ညွန်ကြားမှုး ဦးမောင်မောင်ဝင်း၊ခရိုင်ဦးစီးမှူး ဦးညွန့်ဝင်းမြို့နယ်ညွန်ကြားရေးမှူး ဦးအောင်နိုင်ဝင်း၊ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခွန်မောင်ပန်း၊ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊သတင်းမီဒီယာအဖွဲ့များနှင့် ဒေသခံ ကျေးလက်ပြည်သူများတက်ရောက်ခဲ့ကြောင်း သိရှိပါသည်။
NIYO Media သည် အချက်အလက် တိကျမှုကို အလေးထားပါသည်။ ဤသတင်းတွင် အမှားတစ်စုံတစ်ရာ တွေ့ရှိပါက ">ကျွန်ုပ်တို့ထံ အကြောင်းကြားပါ — စစ်ဆေးပြီး ပြင်ဆင်ပေးပါမည်။







