ဒေသတွင်း တောင်သူများ၏ ဘဝမြှင့်တင်ရေးနှင့် MSME စီးပွားရေးအခွင့်အလမ်းသစ်များ ဖော်ဆောင်ပေးလိုက်သည့် တောင်သူလယ် သမားတွေ့ဆုံပွဲ
ပြည်တွင်းမတ်လ၂၅ရက်၊ ၂၀၂၆၊တောင်ကြီး
အထူးဒေသ(၆)၊ ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့၊ကန်ကြီးရပ်ကွက်၊(ဒဲဉ်သီးဗွေ)ပအိုဝ်းအမျိုးသားဘက်စုံဖွံဖြိုးတိုးတက်ရေးခန်းမ၌ မနေ့မနက်(၉)နာရီအချိန်တွင် LIFE ရန်ပုံငွေ၏ ပံ့ပိုးမှူဖြင့် IMPACT project မှ ကြီးမှူးကျင်းပသော တောင်သူလယ်သမားတွေ့ဆုံပွဲ ကို ကျင်းပခဲ့ပါသည်။

ဒေသတွင်း စိုက်ပျိုးထုတ်လုပ်သူများနှင့် စီးပွား ရေးလုပ်ငန်းရှင်များအကြား ချိတ်ဆက်မှုအား ကောင်းစေရန်နှင့် MSME စီးပွားရေးအခွင့်အ လမ်းသစ်များ ဖော်ဆောင်ပေးရန် ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်ကြောင်းဦးအောင်ခင်မှပြောကြားခဲ့ပါသည်။
ဒေသခံတောင်သူကိုယ်စားလှယ်များက မိမိတို့၏ စိုက်ပျိုးရေးအတွေ့အကြုံများနှင့် MSME ကဏ္ဍမှ ရရှိလာသည့် အကျိုးကျေးဇူးများကို မျှဝေပြောကြားခဲ့ကြပါတယ်၊ရပ်စောက်မြို့နယ် ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စု ပင်လုံရွာနေမဇင်မာဦးမှ ၎င်းတို့အနေဖြင့် ဒေသတွင်းအမျိုးသမီးတောင်သူလယ်သမားများ၏ အ ခက်အခဲများနှင့် အခွင့်အလမ်းများတင်ပြရာ ပဲတီစိမ်းနှင့် ပြောင်းအကြောင်းကို အဓိကထားပြီး မြေဆီလွှာပြဿနာများ ၊ရာသီဥတုပြဿနာများ၊ စိုက်ပျိုးထုတ်လုပ်နေမှု အခြေအနေများကို တင်ပြခဲ့ပြီးနောက်တွင် စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုတိုးတက်လာစေရန်အတွက် လိုအပ်သည့် အရင်းအနှီးနှင့် နည်းပညာဆိုင်ရာ အခွင့်အလမ်းများကို ဆွေးနွေးပြောကြားခဲ့ပါသည်။

ပင်လောင်းမြို့နယ်၊ နမ့်ပလင်ကျေးရွာအုပ်စုကြာပူရာနေ ဒေါ်နန်းအိဇင်မွန်မှလည်း ၎င်း၏ ၈ နှစ်တာအတွင်း ဆောင်ရွက်ခဲ့သည့် စိုက်ပျိုးရေး ကျန်းမာရေးနှင့် ပညာရေးအတွက် အမျိုးသမီးများဦးဆောင်သော ငွေစုငွေချေးလုပ်ငန်းများ ၏ အောင်မြင်မှုများကို မျှဝေခဲ့သည်။
ထို့ပြင် MSME (အသေးစား၊ အလတ်စား အမျိုးသ မီးများဦးဆောင်သောစီးပွားရေး) လုပ်ငန်းများနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်းကြောင့် စျေးကွက်အခက်အခဲများ သက်သာလာခြင်းနှင့် ရရှိလာသည့် အခွင့်အလမ်းသစ်များကို ပြောကြားခဲ့သည်။

ထို့နောက် ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျော ညီထွေသော စိုက်ပျိုးရေးနည်းလမ်းများကို ဦးခွန်မောင်ခဲ (ပါရမီ)မှ ဆွေးနွေးတင်ပြခဲ့ပါသည်၊တွေ့ဆုံပွဲတွင် Taunggyi Food Hub က ပဲပုပ်၊ ခရမ်းချဉ်သီး၊ မြေပဲနှင့် နှမ်း ထွက်ကုန်များအတွက် ဒေသတွင်းစျေးကွက်ချိတ်ဆက်မှုများကို ရှင်းလင်းတင်ပြခဲ့ပြီး မြန်မာနိုင်ငံ ဆီစက်လုပ်ငန်းရှင်များအသင်းဥက္ကဌဦးဆန်းထွန်းလွင်မှလည်း မြေပဲနှင့်နှမ်းအတွက် အနည်းဆုံးစျေးအာမခံပါရှိသောအကျိုးတူစိုက်ပျိုးရေးစနစ် (contract farming)များကို ဆွေးနွေးခဲ့ကြပြီး
ထို့နောက် စပွန်ဆာကုမ္ပဏီများကလည်း ခေတ်မီစိုက်ပျိုးရေးသွင်းအားစုများကို မိတ်ဆက်ပြသခဲ့ကြသည်။

နေ့လည်ပိုင်းတွင် အမျိုးသမီးလယ်သမားအဖွဲ့များနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များအကြား အဖွဲ့လိုက် စီးပွားရေးတွေ့ဆုံဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်ခဲ့ကြပါသည်၊ဤတွေ့ဆုံဆွေ့နွေးမှုမှတစ်ဆင့် ဒေသတွင်း တောင်သူများအတွက် ခိုင်မာသော စျေးကွက်နှင့် စီးပွားရေးလမ်းစသစ်များ ပေါ်ထွက်လာခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ LIFE ရန်ပုံငွေ၏ ပံ့ပိုးမှုဖြင့် IMPACT Project မှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး ဒေသခံတောင်သူများ၊ အမျိုးသမီး လယ်သ မားအဖွဲ့များ၊ လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူ များ တက်ရောက်ခဲ့ကြသည်။
Email – niyomedia839@gmail.com#နီယိုသတင်းဌာန#niyomedia Tiktok- https://www.tiktok.com/@niyomedia01?is_from_webapp=1… – https://blackkaung.xyz/Telegram – https://t.me/niyomediaYouTube – https://www.youtube.com/@niyomedia14
NIYO Media သည် အချက်အလက် တိကျမှုကို အလေးထားပါသည်။ ဤသတင်းတွင် အမှားတစ်စုံတစ်ရာ တွေ့ရှိပါက ">ကျွန်ုပ်တို့ထံ အကြောင်းကြားပါ — စစ်ဆေးပြီး ပြင်ဆင်ပေးပါမည်။






