တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ပထမနေ့ပုံမှန်အစည်းအဝေးကျင်းပ
လွှတ်တော်ရေးရာမတ်(၂၀)ရက်၊ ၂၀၂၆၊ ရှမ်းပြည်နယ်လွှတ်တော်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို၊ ရှမ်းပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမတွင် နံနက်(၁၀)နာရီအချိန်မှာ တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးကျင်းပကြောင်းသိရပါသည်။
ရှေးဦးစွာ လွှတ်တော်ကိုယ်စားလှယ်များ လက်မှတ်ရေးထိုး၍ နေယူပြီး တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးစတင်ခဲ့ရာ ရှမ်းပြည်နယ်လွှတ်တော် သဘာပတိအားရွေးချယ်တင်မြောက်ခဲ့ကြပါသည်။
ရှမ်းပြည်နယ်လွှတ်တော်တွင် သဘာပတိတာဝန်ကိုဆောင်ရွက်ရန် အမည်စာရင်းတင်သွင်းသူ ဦးလင်းအောင်စိုး တစ်ဦးသာရှိပြီး ရှမ်းပြည်နယ်လွှတ်တော် ဘသာပတိအဖြစ် ဦးလင်းအောင်စိုးက တာဝန်ယူဆောင်ရွက်သွားမှာဖြစ်ပါသည်။
နိုင်ငံတော်ဥပဒေများကိုလေးစားလိုက်နာပြီး ဒိုတာဝန်အရေးသုံးပါးအားအလေးထားကြရမှာဖြစ်ကြောင်း မိဘပြည်သူများရဲ့ အကျိုးကိုဆောင်ရွက်ရန်ဟူသည့် တူညီသော ရည်မှန်းချက်များထားရှိပြီး တာဝန်ကိုထမ်းဆောင်ကြရမှာဖြစ်ကြောင်း ယနေ့တတိယအကြိမ် ပုံမှန်အစည်းဝေးပထမနေ့မှာ တူညီသော တိုင်းပြည်အကျိုးကိုဆောင်ရွက်ရန် ခန်းမတွင်ရောက်ရှိနေကြခြင်းဖြစ်ကြောင်း ရှမ်းပြည်နယ်လွှတ်တော် သဘာပတိ ဦးလင်းအောင်စိုးမှ နုတ်ခွန်းဆက်ပြောကြားခဲ့ပါသည်။
ထိုနောက် ရှမ်းပြည်လွှတ်တော်ကိုယ်စားလှယ်(၁၃၂)ဦးရှိပြီး တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးအား လွှတ်တော်ကိုယ်စားလှယ်(၁၂၃)တက်ရောက်ခြင်းကြောင့် ပြည်နယ်လွှတ်တောိအစည်းအဝေးအထမြောက်ကြောင်းကြေညာ၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်က ကတိသစ္စာပြုပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခဲ့ကြပါသည်။
ဆက်လက်ပြီး ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌအား ရွေးချယ်တင်မြောက်ခဲ့ရာ ဥက္ကဌအဖြစ် ဦးစိုင်းလုံကျော်နှင့် ဒုတိယဥက္ကဌရွေးချယ်ရာမှာ အမည်စာရင်းတင်သွင်းသူ (၂)ဦးရှိသည့်အတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ဆန္ဒမဲပေး၍ ဦးစဝ်သာဦး က ( ၃၀)မဲ ဦးစိုင်းထွန်းစိန်က (၁၀၁ )မဲ ရရှိပြီး ဒုတိယဥက္ကဌတာဝန်ကို ဦးစိုင်းထွန်းစိန်က တာဝန်ယူဆောင်ရွက်သွားမှာဖြစ်ကြောင်းသိရပါသည်။
ဆက်လက်ပြီး ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌဦးစိုင်းထွန်းစိန်က သဘာပတိရှေ့မှောက်တွင် ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုး၍ ပြည်နယ်လွှတ်တော်သဘာပတိက ပြည်နယ်လွှတ်တော်ဥက္ကဌအား တာဝန်လွှအပ်ခဲ့ပါသည်။
ထိုနောက်ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစိုင်းထွန်းစိန်က တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် နုတ်ခွန်းဆက်စကားပြောကြားပြီး တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ပထမနေ့ပုံမှန်အစည်းအဝေးအားရပ်နားကြောင်းနှင့် တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ဒုတိယနေ့ဆက်လက်ကျင်းပမည့် နေ့ရက်ကိုကြေညာခဲ့ပါသည်။
တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ပထမနေ့ပုံမှန်အစည်းအဝေးကျင်းပရာမှာ ရှမ်းပြည်နယ်လွှတ်တော်သဘာပတိအဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီမှ ဦးလင်းအောင်စိုး၊ ဥက္ကဌအဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီမှ ဦးစိုင်းလုံကျော်၊ ဒုတိယဥက္ကဌအဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီမှ ဦးစိုင်းထွန်းစိန်တိုက တာဝန်အသီးသီးထမ်းဆောင်သွားမှာဖြစ်ကြောင်းသိရပါသည်။
Email – niyomedia839@gmail.com
#နယိုသတင်းဌာန
#niyomedia
Tiktok- https://www.tiktok.com/@niyomedia01?is_from_webapp=1&sender_device=pc
website – https://blackkaung.xyz/
Telegram – https://t.me/niyomedia
YouTube – https://www.youtube.com/@niyomedia14
TikTok (https://www.tiktok.com/@niyomedia01?is_from_webapp=1&sender_device=pc)
NI YO MEDIA on TikTok
@niyomedia01 64.2k Followers, 141 Following, 605.6k Likes – Watch awesome short videos created by NI YO MEDIA









NIYO Media သည် အချက်အလက် တိကျမှုကို အလေးထားပါသည်။ ဤသတင်းတွင် အမှားတစ်စုံတစ်ရာ တွေ့ရှိပါက ">ကျွန်ုပ်တို့ထံ အကြောင်းကြားပါ — စစ်ဆေးပြီး ပြင်ဆင်ပေးပါမည်။







