စေတီတော်သစ်ပြန်လည်တည်ဆောက်ရန် ပန္နက်တင်မဂ်လာ အခမ်းအနားကျင်းပ
ဘာသာရေးဖေဖော်ဝါရီလ (၁၈)ရက်၊ ၂၀၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ် ဆဟောင်းကျေးရွာအုပ်စု လွိုင်ကန်ရွာ မှာ တည်ထားကိုးကွယ်လျက်ရှိသော ရွာထိပ်ရှိစေတီအား (၂၈.၃.၂၀၂၅)ခုနှစ် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုရှိခဲ့ပြီး စေတီပုထိုးကို သာသနာနှစ် ၂၅၆၉ ကောဇာသက္ကရာဇ် ၁၃၈၇ တပေါင်းလဆန်း (၃)ရက်မနက်ပိုင်း (၆း၃၀)အုပ်မြစ်ချပန္နက်ရိုက်ပြန်လည်ပြင်ဆင်ခဲ့ကြောင်း ကျောင်းကောမတီ ထံမှသိရပါသည်။

မနက်ပိုင်းမှာ ကြွရောက်လာသောသံဃာတော်အရှင်မြတ်ကို အာရုဏ်ဆွမ်းနှင့် ခဲ့ဖွယ်ကပ်လှူပြီးနောက် ပန္နက်ရိုက်အုတ်မြစ်ချမဂ်လာအခမ်းအနားတွင် ဌာပနာထည့်သွင်းခြင်း၊ ပဌာန်းရွတ်ဖတ်ပူဇော်ခြင်း နှင့် ပရိတ်တရားနာယူခြင်းများပြုလုပ်ခဲ့ကြောင်းသိရပါသည်။
ထို့နောက် စေတီတော်တည်ဆောက်မည့် ပန္နက်ကျင်းအတွင်း ရွှေငွေရတနာပစ္စည်းများထည့်သွင်းကာ ပန္နက်တိုင်ကို မဂ်လာချိန်မှာစိုက်ထူခဲ့ကြောင်းသိရပါသည်။

ပင့်ကျောင်းပေါင်း (၁၈) ကျောင်းမှာ သံဃာ (၃၄)ပါး ကြွရောက်လာခဲ့ကြောင်း ကျောင်းကောမတီ ထံမှသိရပါသည်။ထိုသိုဆောင်ရွက်ရခြင်းသည် စေတီတည်ဆောက်ရာတွင်အောင်မြင်စေရန် နှင့် သာသနာတော် တည်တံ့ခိုင်မြဲစေရန် ရည်ရွယ်ကြောင်း သိရပါသည်။
စေတီတော်တည်ဆောက်ရေး လုပ်ငန်းအဆင့်ဆင့်ကိုလည်း လွိုင်ကန်ကျောင်းဒါကာ ရွာ(၄)ရွာမှ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျောင်းကောမတီထံမှ သိရပါသည်။


NIYO Media သည် အချက်အလက် တိကျမှုကို အလေးထားပါသည်။ ဤသတင်းတွင် အမှားတစ်စုံတစ်ရာ တွေ့ရှိပါက ">ကျွန်ုပ်တို့ထံ အကြောင်းကြားပါ — စစ်ဆေးပြီး ပြင်ဆင်ပေးပါမည်။







