ရေကြီးမှုကြောင့် တောင်ကြီး-ရပ်စောက် မြိုနယ်ချင်းဆက် လမ်းမှ တံတားပျက်စီး

ငြိမ်းချမ်းရေး
Niyo Media ဖတ်ရန် ၁ မိနစ်

photo 2025 09 15 13 38 54

photo 2025 09 15 13 38 52

photo 2025 09 15 13 38 51

စက်တင်ဘာ (၁၄) ၊ ၂၀၂၅

တောင်ကြီး-ရပ်စောက် မြိုနယ်ချင်းဆက် လမ်းမကြီးပေါ်၌ မိုးသည်းထံစွာ ရွာသွန်းပြီး ရေကြီးမူ့ကြောင့် တောင်ပြိုရွာအနီးရှိ တံတားတစ်စင်း ပျက်စီးနေကြောင်း တောင်ပြိုရွာ ဒေသခံများထံမှ သိရှိရသည်..ပြီးခဲ့တဲ့ ရက်တွေအတွင်း မိုးအကြိမ်ကြိမ် ရွာသွန်းမှုကြောင့် တံတား၏မြောက်ဘက်ခြမ်း မြေထိန်းနံရံများ တဖြေးဖြေး ပြိုကျ ခဲ့ခြင်း ဖြစ်သည်..”လောလောဆယ် သွားလာရန် အဆင်ပြေသော်လည်း ရေဆက်ကြီးရင်တော့ မပြောတတ်ဘူး ရွာလူကြီးတွေ သက်ဆိုင်ရာကို အကြောင်းကြားပြီလားတော့ သေချာမသိသေးဘူး ပြင်ဖိုတော့ လိုပြီ ထပ်ပြိုရင် ပြင်ရခက်မှာ” လို တောင်ပြိုရွာဒေသခံ တစ်ဦးက ပြောပါသည်..
အဆိုပါ တံတားဟာ တောင်ကြီးမြိုနယ်နှင့် ရပ်စောက်မြိုနယ် ဧရိယာ အစပ်က တံတားဖြစ်ပြီး ဒေသခံ တောင်သူများစွာ အကျိုးပြုနေတဲ့ တံတားတစ်စင်း ဖြစ်ကြောင်းသိရပါသည် ။

photo 2025 09 15 13 38 49

photo 2025 09 15 13 38 48

photo 2025 09 15 13 38 46

NIYO Media သည် အချက်အလက် တိကျမှုကို အလေးထားပါသည်။ ဤသတင်းတွင် အမှားတစ်စုံတစ်ရာ တွေ့ရှိပါက ">ကျွန်ုပ်တို့ထံ အကြောင်းကြားပါ — စစ်ဆေးပြီး ပြင်ဆင်ပေးပါမည်။

ဤသတင်းကို မျှဝေရန်