ကာ/လုံ ဗဟိုအကြံပေးအဖွဲ့ဝင် ဖြားခွန်စံလွင်က ဒေသတရားရုံး ဆောက်လုပ်ပြီးစီးမှုအခြေအနေများကို သွားရောက်ကြည့်ရှု
ပြည်တွင်းဩဂုတ်လ ၉ ရက်၊ ၂၀၂၅၊ ဟိုပုံး
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ဝင် ဖြားခွန်စံလွင်သည် ဒီကနေ့ ဩဂုတ်လ ၉ ရက်နေ့၊ စနေနေ့တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ ဒေသဦးစီးရုံးဝန်းတွင် ဆောက်လုပ်လျက်ရှိသည့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံးအဆောက်အဦး ဆောက်လုပ်ပြီးစီးမှု အခြေအနေများကို သွားရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံးကို ၂၀၂၀ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ယခုလ မကုန်ခင်၌ ရုံးဖွင့်ပွဲ ပြုလုပ်မည် ဖြစ်ကြောင်းသိရသည်။
NIYO Media သည် အချက်အလက် တိကျမှုကို အလေးထားပါသည်။ ဤသတင်းတွင် အမှားတစ်စုံတစ်ရာ တွေ့ရှိပါက ">ကျွန်ုပ်တို့ထံ အကြောင်းကြားပါ — စစ်ဆေးပြီး ပြင်ဆင်ပေးပါမည်။







