မိုးသည်းထန်စွာရွာသွန်းမှုကြောင့်လမ်းများပျက်စီး

ပြည်တွင်း
Niyo Media ဖတ်ရန် ၁ မိနစ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျောက်တလုံးကြီးမြို့နယ်၊ ပင်တွန်ကျေးရွာအုပ်စု၊ ထီခေါင်းရွာမြောက်ဖက်တွင် ဇူလိုင် ၂၂ ရက် ၂၀၂၅ ခုနှစ်တွင် မှုဖြစ်ပွားခဲ့သည်။
6055332429532612778

အဆိုပါမိုးကြောင့် တစ်ရွာနှင့်တစ်ရွာ ဆက်သွယ်သွားလာသည့်လမ်းများအနေနှင့် ရွံ့ဗွက်ထ၍ မည်သည့်ယာဉ်မျိုးဖြစ်ဖြစ် သွားလာရခက်ခဲလာခဲ့သည်ဟု ဒေသခံတစ်ဦးမှ သိရသည်။6055332429532612780

ထိုအခြေအနေသည် ဒေသခံပြည်သူများ၏ နေ့စဉ်သွားလာရေးနှင့် သယ်ယူပို့ဆောင်ရေး လှုပ်ရှားမှုများအပေါ် အနည်းငယ်ထိခိုက်မှုရှိလာနိုင်သည်ဟု ခန့်မှန်းရသည်။

လက်ရှိတွင် ပြန်လည်ပြုပြင်ရေးလုပ်ငန်းများအတွက် သက်ဆိုင်ရာအာဏာပိုင်များနှင့် တာဝန်ရှိသူများ၏ ပံ့ပိုးမှုလိုအပ်နေသည်။
6055332429532612781

NIYO Media သည် အချက်အလက် တိကျမှုကို အလေးထားပါသည်။ ဤသတင်းတွင် အမှားတစ်စုံတစ်ရာ တွေ့ရှိပါက ">ကျွန်ုပ်တို့ထံ အကြောင်းကြားပါ — စစ်ဆေးပြီး ပြင်ဆင်ပေးပါမည်။

ဤသတင်းကို မျှဝေရန်