(၇၉)ကြိမ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ဖြင့် ကျောက်တလုံးကြီးမြို့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးဖလား ဘောလုံးပြိုင်ပွဲအခမ်းအနားကျင်းပ
အားကစား(၇၉)ကြိမ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ဖြင့် ကျောက်တလုံးကြီးမြို့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးဖလား ဘောလုံးပြိုင်ပွဲအခမ်းအနားကျင်းပ
ဇန်နဝါရီလ ၂၇ ၊ ၂၀၂၆ခုနှစ်၊ ကျောက်တလုံးကြီးမြို့



ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့တွင် (၇၉)ကြိမ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ဖြင့် ယနေ့ ဇန်နဝါရီလ ၂၇ ရက် နံနက် (၁၀)အချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးဖလား ဘောလုံးပြိုင်ပွဲ အခမ်းအနားကျင်းပ လျက်ရှိကြောင်း သိရသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် ဘင်ခရာတပ်ဖွဲ့မှ ဦးဆောင်၍ ပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်းသို့ ဝင်ရောက်နေရာယူခြင်း၊ ပြည်ထောင်သမ္မတမြန်မာနိုင်တော်အလံနှင့် ပအိုဝ်းအမျိုးသားအလံတော်အားအလေးပြုခြင်း၊ အားကစားအဓိဌာန်(၄)ချက် ရွတ်ဆိုခြင်း၊ အထူးဒေသ(၆) ပအိုဝ်းငြိမ်းချမ်းရေး (PNO)အသွင်ပြောင်းပြည်သူ့စစ် (ဌာနေ) စစ်ကော်မတီ ဒုဥက္ကဌ ဖြားခွန်ပီတာထွန်းနိုင်က အဖွင့်အမှာစကားပြောကြားခြင်း၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ ဥက္ကဌက အမှာစကားပြောကြားခြင်း၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဘောလုံးပြိုင်ပွဲအတွက် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း၊ ဘင်ခရာတပ်ဖွဲ့မှ ဦးဆောင်၍ ပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်းမှ ပြန်လာထွက်ခွာခြင်း၊ ထို့နောက် ဘင်ခရာတပ်ဖွဲ့မှ ကွင်းအတွင်း ပြန်လည်ဝင်ရောက်၍ ဂုဏ်ပြုသရုပ်ပြသပေးခဲ့ပြီး ပြိုင်ပွဲကျင်းပရေးကော်မတီက ဘင်ခရာတပ်ဖွဲ့ကို ဂုဏ်ပြုဆုတော်ငွေ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ဆက်လက်၍ ပြိုင်ပွဲအသင်းများအား ပအိုဝ်းအလှပျိုမယ်များက နှစ်ဘက်အသင်းအားကစားသမားများအား ပန်းစည်းပေးအပ်ခြင်းနှင့် နှစ်ဘက်အသင်းအားကစားသမားများအား ဖိတ်ကြားထားသော အထူးဧည့်သည်တော်များ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ လူကြီးမင်းများက လိုက်လိုက်လှဲလှဲ အားပေးနုတ်ဆက်ပေးခဲ့ကြောင်း သိရသည်။
ထို (၇၉)ကြိမ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ဖြင့် ကျောက်တလုံးကြီးမြို့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးဖလား ဘောလုံးပြိုင်ပွဲတွင် အသင်းပေါင်း(၃၃)သင်း ပါဝင်ယှဥ်ပြိုင် ကစားကြမည်ဖြစ်ပြီး အဖွင့်ပွဲစဥ်တွင် ထီအုံႏ ခမ်းကျောက်တလွုံꩻတန် အသင်းနှင့် နောင်ကားအသင်းတို့ ယှဥ်ပြိုင်ကစားခဲ့ကြရာ နောင်ကားအသင်းက ၉ – ၀ ဂိုးဖြင့် အနိုင်ရရှိကြောင်းသိရှိရပါသည်။


#niyomedia
NIYO Media သည် အချက်အလက် တိကျမှုကို အလေးထားပါသည်။ ဤသတင်းတွင် အမှားတစ်စုံတစ်ရာ တွေ့ရှိပါက ">ကျွန်ုပ်တို့ထံ အကြောင်းကြားပါ — စစ်ဆေးပြီး ပြင်ဆင်ပေးပါမည်။







