လပိုင်းအရွယ်ကလေးများအား အခမဲ့ဆေးထိုးပေး
ကျန်းမာရေး

စက်တင်ဘာလ(၂)၊၂၀၂၅။
ရှမ်းပြည်နယ်တောင်ပိုင်း ၊ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ပင်လောင်းမြို့နယ် ၊တောင်ထီဗွာကျေးရွာအုပ်စုရှိ နန်းပန်ရွာမှာ စက်တင်ဘာလ ၂ ရက်နေ့က ကျေးရွာအုပ်စုမှာတာဝန်ကျတဲ့ဆရာမများက နန်းပန်ရွာရှိ လပိုင်းကလေးငယ်များအားအခမဲ့ ကာကွယ်ဆေးထိုးပေးခဲ့ကြောင်းသိရပါသည်။


နန်းပန်ရွာရှိ ကလေးတွေကျန်းမာရေးကောင်းမွန်ပြီး ညဏ်ရည်ဖွံ့ဖြိုးဖို့အတွက် တစ်လတစ်ခါပုံမှန် အခမဲ့လာထိုးပေးပါတယ်လို့ တာဝန်ကျဆရာမတစ်ဦးပြောကြားချက်အရသိရပါသည်။
NIYO Media သည် အချက်အလက် တိကျမှုကို အလေးထားပါသည်။ ဤသတင်းတွင် အမှားတစ်စုံတစ်ရာ တွေ့ရှိပါက ">ကျွန်ုပ်တို့ထံ အကြောင်းကြားပါ — စစ်ဆေးပြီး ပြင်ဆင်ပေးပါမည်။







