လွိုင်လင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လွိုင်လင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများ တွေ့ဆုံပွဲအခမ်းအနားနှင့် (၂၀၂၆-၂၀၂၇ )ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ခြင်းအခမ်းအနားကျင်းပ


မေလ ၂၁ရက်၊ ၂၀၂၆ခုနှစ်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မေ (၂၁ )ရက် နေ့လယ် (၁ )နာရီအချိန်တွင် လွိုင်လင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ခွန်အောင်ဆန်း၊ ပြည်နယ်လွှတ်တော် ခွန်သက်နိုင် နှင့် ဌာနဆိုင်ရာများ တွေ့ဆုံပွဲအခမ်းအနားနှင့် (၂၀၂၆-၂၀၂၇ )ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်းသိရပါသည်။


အခမ်းအနားတွင် လွိုင်လင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းထွဋ်က အဖွင့်အမှာစကားနှင့် နှုတ်ဆက်စကား ပြောကြားခဲ့ပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ခွန်အောင်ဆန်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သက်နိုင်နှင့် လွိုင်လင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးကြည်မင်းနိုင်တို့က အသီးသီး နှုတ်ဆက်စကားများ ပြောကြားခဲ့ကြသည်။


ထို့နောက် တက်ရောက်လာကြသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက တစ်ဦးချင်း မိတ်ဆက်စကားများ ပြောကြားခဲ့ကြသည်။
ဆက်လက်၍ (၂၀၂၆-၂၀၂၇ )ဘဏ္ဍာရေးနှစ်အတွက် ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ခြင်း အစီအစဉ်များကို ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းထွဋ်က စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနသို့ စီမံကိန်းတာဝန် ပေးအပ်ခဲ့ပြီး ဦးစီးအရာရှိ ဒေါ်ခင်နှင်းသူက လက်ခံရယူခဲ့သည်။


ထို့အပြင် မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူသန်းက လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်မြေစာရင်းဦးစီးဌာနသို့ စီမံကိန်းတာဝန်ပေးအပ်ခဲ့ပြီး ဦးစီးအရာရှိ ဦးကျော်ကျော်နိုင်က လက်ခံရယူခဲ့သည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်အောင်ဆန်းက မြို့ပြစနစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးဌာနသို့ စီမံကိန်းတာဝန်ပေးအပ်ခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူး ဦးတင်ကိုကိုက လက်ခံရယူခဲ့သည်။

ယင်းနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သက်နိုင်က လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းသို့ စီမံကိန်းတာဝန်ပေးအပ်ခဲ့ပြီး မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးသန့်ဇင်က လက်ခံရယူခဲ့သည်။

ထို့ပြင် လွိုင်လင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးကြည်မင်းနိုင်က မြို့နယ်၏ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်လမ်းဦးစီးဌာနသို့ စီမံကိန်းတာဝန်ပေးအပ်ခဲ့ပြီး ဦးစီးအရာရှိ ဦးသိန်းအောင်က လက်ခံရယူခဲ့ကြောင်း သိရသည်။

အခမ်းအနားကို လွိုင်လင်မြို့နယ်ပြည်သူ့ လွှတ် တော်ကိုယ်စားလှယ်ခွန်အောင်ဆန်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သက်နိုင်၊ လွိုင်လင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးကြည်မင်းနိုင်၊ လွိုင်လင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းထွဋ် နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြပါသည်။

