• |February 18th, 2026|

    အောက်တိုဘာ (၁၀)ရက်၊ ၂၀၂၅ အထူးဒေသ(၆)၊ ပင်လောင်းမြို့နယ်၊ လုံးပျဥ်ကျေးရွာအုပ်စု၊ မြောက်စလုံးကျေးရွာထဲကို သောင်းကျန်းသူများက (၄)နှစ်ကျော်ကြာ ကျူးကျော် ခိုအောင်းစခန်းချ နေထိုင်ခဲ့ပြီး အောက်တိုဘာ (၉/၁၀)ရက် နေ့မှာတော့ နိုင်ငံတော်နှင့် ပအိုဝ်းအမျိုးသားတပ်တော်(PNA)တို့ ပူးပေါင်းပြီး နယ်မြေရှင်းရေး ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ပါသည်။ အကြမ်းဖက်သောင်းကျန်းသူများက ပြန်လည်ဆုတ်ခွါသွားတဲ့အချိန်မှာ မြောက်စလုံးပြည်သူများ နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရပါသည်။အကြမ်းဖက်သောင်းကျန်းသူများဟာ ဆောင်းပြောင်းကျေးရွာနှင့် ညောင်ရွှေမြို့နယ်၊ ဘုရားတောင်ရွာ၊ ဆီဆိုင်မြို့နယ်၊ ဟိုပုံးမြို့နယ် နန်းဟူးရွာ၊ ပင်လျမ်ꩻရွာတို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့သော သာဓကတွေလည်း ရှိခဲ့ပါသည်။ မြောက်စလုံးကျေးရွာထဲတွင် အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားခဲ့သည့် မိုင်းများရှင်းလင်းပြီးလျှင် ဒေသခံပြည်သူများ နေရပ်ကို ပြန်လာနေနိုင်တော့မှာဖြစ်ပါသည်။ (PNA) သတင်းနှင့်ပြန်ကြားရေး

  • |February 18th, 2026|

    အထူးဒေသ(၆)၊ စက်တင်ဘာလ(၁၁) ရက်၊ ၂၀၂၅ ဒီကနေ့ သက္ကရာဇ် ၁၃၈၇ခုနှစ်၊ တော်တလင်းလပြည့်ကျော် (၅)ရက်နေ့၊ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့၊ ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့နယ်ခွဲ၊ ပင်တွန်းကျေးရွာအနီးရှိ ပအိုဝ်းအမျိုးသားအာဇာနည်ကုန်းတွင် နှစ်(၅၀)ကြိမ်မြောက် ပအိုဝ်းအမျိုးသားအာဇာနည်နေ့ အခမ်းအနားကို ပြုလုပ်ကျင်းပခဲ့ပါသည်။ ဒီကနေ့ပြုလုပ်သော (၅၀)ကြိမ်မြောက် ပအိုဝ်းအမျိုးသားအာဇာနည်နေ့အခမ်းအနားတွင် ပအိုဝ်းအမျိုးသားအလံလွင့်တင်ခြင်း၊ ပအိုဝ်းအမျိုးသားအလံအားအလေးပြုခြင်း၊ ကျဆုံးလေပြီးသော ပအိုဝ်းအမျိုးသားခေါင်းဆောင်ဖြားဗွာလှဖေနှင့်တကွအာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခြင်း၊ ပအိုဝ်းအမျိုးသားအလံတော်အား အလံတိုင်တဝက်ချ လွင့်ထူကာ အောက်မေ့သတိရ ဝမ်းနည်းခြင်းအနေဖြင့် တစ်မိနစ်ခန့် ငြိမ်သက်စွာနေခြင်း၊ လွမ်းသူပန်းခွေချခြင်း များပြုလုပ်ခဲ့ပါသည်။ ထို့နောက် ပင်တွန်းဘုန်းတော်ကြီးကျောင်း၊ ပထမမဟာဝိဟာရကျောင်းတိုက်၌ ကျဆုံးသွာသော ပအိုဝ်းအာဇာနည်ပုဂ္ဂိုလ်များကို ရည်စူး၍ သံဃာတော်များထံမှ တရားတော်နာကြားခြင်း၊ နေ့လယ်ဆွမ်းကပ်လှူခြင်း၊ သင်္ကန်းနှင့်လှူဖွယ်ဝတ္ထုများကပ်လှူခြင်း၊ ရေစက်ချ အမျှဝေခြင်းများ ပြုလုပ်ခဲ့ပါသည် ။ အဆိုပါအခမ်းအနားသို့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ [...]