ဇန်နဝါရီ (၁၀)ရက်၊ ၂၀၂၆ အထူးဒေသ(၆)တွင် မှီတင်းနေထိုင်ကြသည့် ညီနောင်တိုင်းရင်းသားများအားလုံး တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် နိုင်ငံတော်နှင့်ပအိုဝ်းအမျိုးသားတပ်မတော်(PNA)တို့ ပူးပေါင်းပြီး နယ်မြေလုံခြုံရေးကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၀ ရွေးကောက်ပွဲပြဿနာကြောင့် နိုင်ငံရေးရှုပ်ထွေးပြီးနောက် အထူးဒေသ(၆)နယ်မြေသည် အတတ်နိုင်ဆုံး စစ်မီးများ မတောက်လောင်စေရန်နှင့် မိဘပြည်သူများစစ်ဘေးစစ်ဒဏ် မသင့်စေရန် ပအိုဝ်းအမျိုးသားတပ်မတော်(PNA)အနေနဲ့ ထိန်းသိမ်းဆောင်ရွက်ခဲ့ရာ အသက်ချွေးသွေး ပေးဆပ်ခဲ့သည့် တပ်ဖွဲ့ဝင်များလည်း ရှိခဲ့ပါသည်။ ၂၀၂၁-ခုနှစ်၊ မေလ(၂၁)ရက်နေ့မှာ ညောင်ရွှေမြို့နယ်၊ ထီရီးဖက်တွင် နယ်မြေလုံခြုံရေးဆောင်ရွက်သည့် တာဝန်ခံတစ်ဦးဖြစ်သည့် ဆရာလာကို အကြမ်းဖက်သောင်းကျန်းသူများက ရက်စက်စွာသတ်ဖြတ်ခဲ့သလို ပင်လောင်းမြို့နယ်၊ လုံးပဉ်ကျေးရွာအုပ်စု၊ နန်းနိန်းကျောင်းထိုင်ဆရာတော်များနှင့် ဒေသခံမိဘပြည်သူများ (၃၀)ကျော်ကိုလည်း အကြမ်းဖက်သောင်းကျန်းသူများက သတ်ဖြတ်ခဲ့ကြပါသည်။ ထို့အပြင် ၂၀၂၃ ကနေ ၂၀၂၅ အထိ ပင်လောင်းမြို့နယ် တောင်ဖက်ခြမ်းကျေးရွာများ၊ ညောင်ရွှေမြို့နယ် တောင်ဖက်ခြမ်း၊ ဆီဆိုင်မြို့နယ်၊ ဟိုပုံးမြို့နယ် အရှေ့ဖက်ခြမ်းက [...]




