အောက်တိုဘာ (၁၀)ရက်၊ ၂၀၂၅
အထူးဒေသ(၆)၊ ပင်လောင်းမြို့နယ်၊ လုံးပျဥ်ကျေးရွာအုပ်စု၊ မြောက်စလုံးကျေးရွာထဲကို သောင်းကျန်းသူများက (၄)နှစ်ကျော်ကြာ ကျူးကျော် ခိုအောင်းစခန်းချ နေထိုင်ခဲ့ပြီး အောက်တိုဘာ (၉/၁၀)ရက် နေ့မှာတော့ နိုင်ငံတော်နှင့် ပအိုဝ်းအမျိုးသားတပ်တော်(PNA)တို့ ပူးပေါင်းပြီး နယ်မြေရှင်းရေး ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ပါသည်။

အကြမ်းဖက်သောင်းကျန်းသူများက ပြန်လည်ဆုတ်ခွါသွားတဲ့အချိန်မှာ မြောက်စလုံးပြည်သူများ နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရပါသည်။အကြမ်းဖက်သောင်းကျန်းသူများဟာ ဆောင်းပြောင်းကျေးရွာနှင့် ညောင်ရွှေမြို့နယ်၊ ဘုရားတောင်ရွာ၊ ဆီဆိုင်မြို့နယ်၊ ဟိုပုံးမြို့နယ် နန်းဟူးရွာ၊ ပင်လျမ်ꩻရွာတို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့သော သာဓကတွေလည်း ရှိခဲ့ပါသည်။

မြောက်စလုံးကျေးရွာထဲတွင် အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားခဲ့သည့် မိုင်းများရှင်းလင်းပြီးလျှင် ဒေသခံပြည်သူများ နေရပ်ကို ပြန်လာနေနိုင်တော့မှာဖြစ်ပါသည်။
(PNA)
သတင်းနှင့်ပြန်ကြားရေး




